လော့စ်အိန်ဂျယ်လိစ်မြို့မှာ ကိုယ့်အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေတဲ့ လူငယ်နှစ်ယောက်ရဲ့အကြောင်းပါ။ Ryan Gosling က ဂျက်ဇ်ဂီတသမား စန္ဒရားဆရာအဖြစ် ပါဝင်ထားပြီး Emma Stone ကတော့ ရည်မှန်းချက်ကြီးတဲ့ မင်းသမီးတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။ အနုပညာကို ဝါသနာပါတဲ့ သူတို့နှစ်ယောက်ဟာ ဘဝခရီးမှာ အခက်အခဲတွေကို ဖြတ်သန်းကြရင်း မျှော်လင့်ထားသလို ဖြစ်လာနိုင်ပါ့မလားဆိုတာကို ဇာတ်လမ်းက ပြထားပါတယ်။ ဒါရိုက်တာ ဒါမီယန်ချာဇက်လီက Lionsgate နဲ့ ပူးပေါင်းဖန်တီးထားတဲ့ ဒီရုပ်ရှင်ဟာ ဘရော့ဒ်ဝေးဖျော်ဖြေပွဲတစ်ခုကို အခြေခံထားတာ မဟုတ်ပါဘူး။ အမ်မာစတုန်းကလည်း ဒီဇာတ်ကားကို စိတ်ကူးယဉ်အိပ်မက်ရှိသူတွေအတွက် ရုပ်ရှင်တစ်ကားလို့ ပြောထားပြီး မျှော်လင့်ချက်နဲ့ ဖန်တီးနိုင်စွမ်းအကြောင်းကို အလေးပေးထားပါတယ်။ ၇၄ ကြိမ်မြောက် ရွှေကမ္ဘာလုံးဆုပေးပွဲမှာတော့ ဆန်ခါတင်ဝင်ခဲ့တဲ့ ဆုခုနစ်ခုစလုံးကို ရရှိခဲ့ပါတယ်။ ချာဇက်လီက အကောင်းဆုံးဒါရိုက်တာဆုနဲ့ ဇာတ်ညွှန်းဆု၊ ရိုင်ယန်ဂိုးစလင်းနဲ့ အမ်မာစတုန်းတို့က သရုပ်ဆောင်ဆုတွေ အသီးသီးရခဲ့သလို မူရင်းတေးသွားနဲ့ ဇာတ်ဝင်တေးသီချင်းဆုတွေလည်း ရရှိခဲ့တာပါ။ BAFTA ဆုပေးပွဲမှာလည်း အကောင်းဆုံးရုပ်ရှင်ဆုအပါအဝင် ဆု ၁၁ ဆုအတွက် လျာထားခံခဲ့ရပါတယ်။ ဗြိတိန်မှာ စတင်ရုံတင်တဲ့ ပိတ်ရက်အတွင်း ရုံဝင်ငွေ ပေါင်ခြောက်သန်းကျော် ရရှိခဲ့ပါတယ်။
ဇာတ်ကားကြည့်ရန်