★ 8.7
ဇာတ်ကား / 2023Viduthalai: Part I
၁၉၈၀ ပြည့်နှစ်ကာလတွေမှာ အိန္ဒိယတောင်ပိုင်း၌ အစိုးရကို ဆန့်ကျင်တဲ့ တမီလ်ပျောက်ကျားတပ်ဖွဲ့တစ်ခု စတင်ဖွဲ့စည်းလာပါတယ်။ တမီလ်ပြည်သူတွေ ကန့်ကွက်နေတဲ့ကြားက အစိုးရဟာ တောင်တန်းဒေသတစ်ခုမှာ မိုင်းတွင်းတူးဖို့ ခွင့်ပြုပေးလိုက်တယ်။ အဲဒီကစပြီး ဒေသတွင်း ပဋိပက္ခတွေ ဖြစ်လာကာ အခြေအနေ ပိုတင်းမာလာပါတယ်။ အစိုးရက မိုင်းတွင်းလုံခြုံရေးအတွက်ဆိုပြီး အထူးရဲတပ်ဖွဲ့တစ်ခု ထပ်မံချထားလိုက်ပေမယ့် ရဲတပ်ဖွဲ့ရဲ့ မသမာမှုတွေကြောင့် ဒေသခံတွေနဲ့ ပဋိပက္ခက ပိုဆိုးလာတယ်။ ပြဿနာကို ပြေလည်အောင် မဖြေရှင်းနိုင်တဲ့အပြင် ရွာသားတွေနဲ့ ပျောက်ကျားအဖွဲ့ဝင်တွေကို ရှာဖွေဖမ်းဆီးပြီး အရေးယူဒဏ်ခတ်တာတွေ လုပ်လာကြပါတယ်။ ဗီဂျေးစည်သူပတီ ပါဝင်သရုပ်ဆောင်ထားတဲ့ တမီလ်အက်ရှင်ဇာတ်ကားဖြစ်ပြီး ဇာတ်လမ်းဇာတ်ကွက်ကို စိတ်ကူးနဲ့ ဖန်တီးထားတာပါ။
ဇာတ်ကားကြည့်ရန်