The Damnation (2025) IMDb Rating (7.3) ဂျက်ဖရီက ကြွေးတောင်းတဲ့အလုပ်ကို လုပ်ကိုင်နေတဲ့ စိတ်ကြမ်းလူကြမ်းသမားတစ်ယောက်ပါ။ တစ်နေ့မှာယာဉ်မတော်တဆမှုတစ်ခုကြောင့် ကိုယ်ဝန်ဆောင်ဇနီးသည် အရေးပေါ် ကလေးမွေးဖို့လိုအပ်လာပြီး အလွန်အမင်းအကျပ်အတည်းကြုံလာရပါတယ်။ လက်ထဲမှာငွေကြေးမရှိ၊ ကိုဗစ်ကာလဖြစ်တာကြောင့် ဆေးရုံကြီးတွေမှာလည်းဆေးကုသဖို့ခက်ခဲနေတာကြောင့် သူတို့ဇနီးမောင်နှံဟာဝေးလံခေါင်သီတဲ့ တောစပ်ထဲက ဆေးခန်းလေးတစ်ခုမှာအကူအညီသွားတောင်းဖို့ဖြစ်လာပါတော့တယ်။ တကယ်တော့ အဲ့ဒီဆေးခန်းလေးဟာ မိစ္ဆာကိုးကွယ်သူတွေဖြစ်တဲ့ ဆရာဝန်နဲ့သူနာပြုလင်မယားနှစ်ယောက်ဦးစီးလုပ်ကိုင်နေတာဖြစ်ပြီး သူတို့ရဲ့စည်းစိမ်ဥစ္စာနဲ့အသက်ရှည်လိုမှုအတွက် မမွေးဖွားရသေးတဲ့ကလေးငယ်တွေကိုမိစ္ဆာအမြွှာနတ်ဆိုးတွေဆီ ပူဇော်သက္ကာပြုနေကြတာပါ။ အသိနောက်ကျသွားတဲ့ ဂျက်ဖရီနဲ့အယ်လာတို့လင်မယားကတော့ဒီစိတ္တဇမောင်နှံလက်ကရော၊ သူတို့ကိုးကွယ်ရာ နတ်ဆိုးတွေဆီကပါ လွတ်မြောက်ဖို့တစ်ညတာလုံးကြိုးစားရုန်းကန်ရပါတော့တယ်.။ နာမည်ကျော် Qodrat ရုပ်ရှင်လိုပဲ ထိတ်လန့်စရာခြောက်လှန့်ခန်းတွေကို ကိုယ်ခံပညာသိုင်းအက်ရှင်တွေနဲ့ထိထိမိမိပေါင်းစပ်ထားပြီး အပေါစား Jump scare တွေအစား ကြမ်းတမ်းတဲ့ သွေးထွက်သံယိုတွေ၊ တင်းမာမှုတွေ၊ ဇာတ်ကောင်တွေရဲ့ရင်နာစရာခံစားချက်တွေကိုအပြည့်အ၀ ခံစားနိုင်အောင်ပုံဖော်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size… (940 MB) / (670 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Action,Horror,Thriller Duration…. 01:32:04 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်