Pesugihan Sate Gagak (2025) IMDb Rating (7.3) အန်တိုနဲ့အန်ဒီနီတို့ဟာ ချစ်သူတွေဖြစ်ပြီး အန်ဒီနီရဲ့မိခင်ဖြစ်သူက သူ့သမီးကိုအန်တိုလို ငမွဲကောင်နဲ့ သဘောမတူချင်ပါဘူး။ ဒါပေမယ့်လည်း သမီးဖြစ်သူငြိုငြင်မှုကိုလည်း မခံချင်တာကြောင့် မဖြစ်နိုင်တဲ့ တင်တောင်းငွေပမာဏဖြစ်တဲ့ငွေ သန်း ၁၅၀ တင်မတောင်းရင် သူ့သမီးနဲ့အဆက်အသွယ်ဖြတ်ဖို့ ရာဇသံပေးလိုက်ပါတော့တယ်။ အဲ့ဒါနဲ့ပဲကြံရာမရဖြစ်သွားတဲ့ အန်တိုဟာသူ့ရဲ့ ငမွဲသူငယ်ချင်းနှစ်ယောက်နဲ့အတူ မကြံကောင်းမစည်ရာ အကြံအစည်တစ်ခုဖြစ်တဲ့ အောက်လမ်းနည်းကိုသုံးဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ သူတို့လုပ်မယ့် အစီအရင်ကတော့ သရဲခြောက်တဲ့ ဂိုထောင်ပျက်ကြီးထဲမှာ သရဲတွေကို ကျီးကန်းသားကင်ရောင်းဖို့ပါပဲ။ အောက်လမ်းအစီအရင်ဖြစ်တဲ့အတိုင်း ဘေးထွက်ဆိုးကျိုးတွေကိုထည့်မတွက်ပဲ ထင်ရာစိုင်းခဲ့ကြတဲ့ သူတို့တွေရဲ့အကြံအစည်အောင်မြင်နိုင်ပါ့မလား? ဘယ်လိုအန္တရာယ်တွေက စောင့်ကြိုနေမလဲ? အစရှိတာတွေကို အစကနေ အဆုံးအထိတစ်ကားလုံး ခွီနေရအောင် တင်ဆက်ထားတဲ့ Horror/Comedy ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size… (1.1 GB) / (680 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy,Horror Duration…. 01:44:58 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်