လူတွေဟာ ကံကြမ္မာ စေစားရာ ဘဝကို နိမ့်လိုက် မြင့်လိုက် အတက်အကျမျိုးစုံနဲ့ ခံစားရစမြဲပါပဲ။ လောကဓံလှိုင်း ရိုက်ပုတ်မှုကို ကြံ့ကြံ့ခံရင်း တစ်ချို့တွေက ဘဝကို ဆက်လက် ရှင်သန်နိုင်ကြပေမယ့် ဘဝကြီးကို လက်မြှောက် အရှုံးပေးသွားကြသူတွေလည်း အများကြီး ရှိပါတယ်။ စိတ်ဓာတ်ကျနေချိန်မှာ အရာအားလုံးက မည်းမှောင်နေပြီး မျှော်လင့်ချက် အလင်းတန်းကို မြင်နိုင်ဖို့က ခက်ခဲပါတယ်။ ဒီဇာတ်ကားမှာ ခင်တွယ်ရာ မိသားစုကို လက်လွတ်ဆုံးရှုံးလိုက်ရတဲ့ အယ်ဒီးဆိုတဲ့ အမျိုးသမီး တစ်ယောက်ဟာ စိတ်ကျဝေဒနာကို ခံစားနေရပြီး လူတွေနဲ့ ဝေးရာ တောတောင်ထဲက အိမ်လေးတစ်လုံးကို ဝယ်ယူပြီး လာရောက်နေခဲ့ပါတယ် ခက်ခဲပင်ပန်းတဲ့ လူသူမနီး တောထဲမှာ နေထိုင်ဖို့ ကြိုးစားရင်း သေလုမြောပါး အချိန်မှာ သူ့ကို မုဆိုးတစ်ယောက်က ပြန်လည်ရှင်သန်လာအောင် ကူညီပေးခဲ့ပါတယ်။ လူတိုင်းမှာ နာကျင်စရာအတိတ် ရှိနိုင်ပေမယ့် ဒီဇာတ်ကားမှာ ဘဝကို အရှုံးပေးလိုက်တာက အဖြေမဟုတ်ဘူး ဆိုတာကို တင်ပြရိုက်ကူးထားတာပါ။ နှင်းတွေဖုံးနေတတ်တဲ့ တောင်တန်းတွေ ရှိပြီး တောရိုင်းသဘာဝ အမျိုးသားပန်းခြံတွေ အများကြီးရှိတဲ့ အမေရိကန် အနောက်ပိုင်း wyoming ပြည်နယ်က သဘာဝ အရိုင်းဆန်တဲ့ မြင်ကွင်းအလှတွေကို ရိုက်ကူးထားတာ မြင်တွေ့ရမှာပါ။ File size…1.37 GB / 658 MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 29m Genre ….. Adventure , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi
ဇာတ်ကားကြည့်ရန်