A Clockwork Orange IMdb Rating - 8.3/10 Directed by Stanley Kubrick "ရူးနေတဲ့လူက ကိုယ့်ကိုယ်ကိုယ်ရူးတယ်ဆိုတာမသိဘူးတဲ့။ ဒါဆိုခင်ဗျားက ခင်ဗျားကိုခင်ဗျားရူးနေတယ်လို့ တွေးကြည့်လိုက်။ ခင်ဗျားရူးတာ ခင်ဗျားသိတယ်ထားလိုက်။ ဒီတော့ ခင်ဗျားရူးတာ ခင်ဗျားသိတော့ ခင်ဗျားမရူးတော့ဘူး။ ဒီမှာ ခင်ဗျားမရူးဘူးလို့ ခင်ဗျားအတည်ပြုလို့ရပြီမလား။ ခင်ဗျားမရူးဘူး။ ခင်ဗျား ဒါကိုလက်ခံသွားပြီ။ ဒါပေမဲ့ မမေ့နဲ့ဦး ရူးနေတဲ့လူက ကိုယ့်ကိုယ်ကိုယ် ရူးတယ်ဆိုတာမသိဘူး။ ခင်ဗျားမရူးဘူးလို့ အတည်ပြုလို့ရတာ ခင်ဗျားရူးနေလို့ပဲ။ ဒီတော့ခင်ဗျားရူးနေတာ သိသွားပြီမလား။ သိသွားရင် ခင်ဗျားမရူးတော့ဘူး ရူးနေတဲ့လူက ကိုယ့်ကိုယ်ကိုယ်ရူးတယ်ဆိုတာမသိဘူး။" ကျွန်တော် ဒီမှာမေးချင်တဲ့ မေးခွန်းက ခင်ဗျားရူးနေလား မရူးနေဘူးလား။ ခင်ဗျားအဖြေကို ကျွန်တော်လိုချင်တာမဟုတ်ပါဘူး။ ခင်ဗျားကိုယ် ခင်ဗျားပြန်မေးစေချင်တာ။ အပေါ်ကပြောထားတဲ့ မေးခွန်းက Paradoxလိုပါပဲ။ ခင်ဗျားကို ဒီသံသရာထဲပဲ တဝဲလည်လည်ဖြစ်စေလိမ့်မယ်။ ဒီရုပ်ရှင်မှာလည်း ဒီလိုမေးခွန်းမျိုးပါတယ်။ အကျဉ်းဖျဉ်းပြောရရင် အနာဂတ်ကာလမှာ လူတွေကို ထောင်မချတော့ဘဲ မကောင်းမှုလုပ်မရအောင် ဆေးကုလွှတ်ဖို့ စပြီးစီစဉ်လာကြတယ်။ သူတို့ယူဆတာ မကောင်းမှုလုပ်တဲ့လူတွေဟာ ရူးသွပ်နေတဲ့လူတွေပေါ့။ သူတို့ကိုမကောင်းမှုမလုပ်အောင်လုပ်နိုင်ရင် ကုသပျောက်ကင်းပြီလို့ ယူဆကြတယ်။ ဒါပေမယ့် ဒါကဟုတ်ရောဟုတ်လား။ အဲလက်စ်ဆိုတဲ့ လူမဆန်တဲ့လူသတ်မှုနဲ့ ထောင်ဆယ့်လေးနှစ်ကျတဲ့ကောင်လေးကို သူတို့ဒီကုထုံးကို ပထမဆုံးစမ်းသုံးခဲ့ကြတယ်။ နက်မှောင်ရှည်လျားလှတဲ့သံသရာခရီးမှာ လိုချင်သည်ဖြစ်စေ မလိုချင်သည်ဖြစ်စေ ကိုယ့်ကျောပေါ်ခွနင်း လိုက်ပါလာမယ့်အရာနှစ်ခုရှိတယ်။ လူသားမျိုးဆက်တွေတစ်ဆက်ပြီးတစ်ဆက်သာ ကူးပြောင်းသွားကြပေမယ့် ဒီအရာနှစ်ခုက မပြောင်းလဲပါဘူး။ ကမ္ဘာဦးရဲ့ပထမနေ့မှာ အလင်းဖြစ်စေလို့ အသံထွက်ပေါ်လာကတည်းကရှိနေခဲ့တာ ဒီနေ့ထိထက်တိုင် သူတို့တည်ရှိနေကြတယ်။ အကောင်းနဲ့အဆိုး အဖြူနဲ့အမဲ ယင်နဲ့ယန် ခွဲမရတဲ့အရာတွေပါပဲ။ အကောင်းနဲ့အဆိုးကို ဆုံးဖြတ်တာက ကျွန်တော်တို့ရဲ့ ရွေးချယ်ခွင့်ပါပဲ။ လူတိုင်းအတွက်တော့ အကောင်းနဲ့အဆိုးက မတူညီကြဘူး။ ရောဂါကုထုံးပြီးတော့ အဲလက်စ်ဟာ လူကောင်းဖြစ်သွားတာတော့မဟုတ်ပါဘူး။ ကုထုံးက သူ့ကို ဆိုးတဲ့တစ်ဖက်ကို အမြဲ ရွေးချယ်မရအောင် ချိုးနှိမ်ပစ်လိုက်တယ်။ အဲလက်စ်အတွက်တော့ ဒါကမှရောဂါပါပဲ။ အစိုးအရအတွက်တော့ ဒါကပျောက်ကင်းမှု။ ပျောက်သွားပြီးထောင်ကပြန်လွှတ်ပေးတဲ့အချိန် အဲလက်စ်ဘဝနဲ့ ထောင်ထဲမဝင်ခင် အဲလက်စ်ဘဝကို ယှဉ်ကြည့်ရင် အကောင်းနဲ့အဆိုးက အတော်ဝေခွဲရခက်လာမယ်။ ဒီရုပ်ရှင်မှာ ရူးသွပ်မှုတွေအများကြီးပါပဲ လိုက်ပါရူးသွပ်ကြည့်ဖို့ကတော့ ခင်ဗျားအလုပ်ပါပဲ။ စတန်လေကူးဘရစ်ကြီးရဲ့ မာစတာပိစ်စာရင်းဝင်တဲ့ရုပ်ရှင်ပါပဲ။ စာရေးဆရာက Nadsatလို့ခေါ်တဲ့ အနာဂတ် တေလေလူငယ်သုံး။ ဗန်းစကားကိုထွင်ထည့်ထားတဲ့ ထူးခြားချက်အပြင် ပန်းချီတွေ နိမိတ်ပုံဖော်ဆောင်မှုတွေကလည်း ထူးတယ်။ သူတို့ဖော်ပြတဲ့ အနာဂတ်ဟာ အတော်လေးရူးကြောက်ကြောင်လည်းနိုင်တယ်။ အော်စကာ ဆန်ခါတင်လေးဆုဝင်ထားတယ်။ သတိချပ်ရမှာကတော့ မုဒိန်းကျင့်တဲ့ အခန်းတစ်ချို့ကို သေချာပြသွားလို့ လူရှေ့သူရှေ့မကြည့်မိဖို့ပါပဲ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ) Quality__1080p , 360p IMDb Rating__8.3/10 Format__mp4 Duration__02:16:00 Type__Crime, Drama, Sci-Fi Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt
ဇာတ်ကားကြည့်ရန်