အီဗာဟာ ကွာရှင်းထားတာ ဆယ်နှစ်ရှိပြီဖြစ်တဲ့ သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်ပါ။ အနှိပ်ပညာနဲ့ အသက်မွေးနေပြီး သူ့သမီးကလည်း ကောလိပ်သွားတက်ရတော့မယ်။ အဲဘတ်ကတော့ ကွာရှင်းထားတာ လေးနှစ်လောက်ရှိပြီး သူ့မှာလည်း ကောလိပ်တက်တော့မယ့် သမီးတစ်ယောက် ရှိပါတယ်။ သူက ရိုးရာသမိုင်းစာကြည့်တိုက်မှာ တီဗီအစီအစဉ်တွေကို ထိန်းသိမ်းတဲ့အလုပ် လုပ်နေသူပါ။ ပါတီတစ်ခုမှာ ဆုံခဲ့ကြတဲ့ အီဗာနဲ့ အဲဘတ်တို့ဟာ နောက်ပိုင်းမှာ ချစ်သူတွေ ဖြစ်လာကြတယ်။ အဲဘတ်က ဝပေမယ့် အီဗာ့အတွက်တော့ ပြဿနာမရှိပါဘူး။ အီဗာမှာ အနှိပ်သွားပေးရင်း ခင်မင်လာတဲ့ မယ်ရီအန်းဆိုတဲ့ ကဗျာဆရာမသူငယ်ချင်းလည်း ရှိတယ်။ မယ်ရီအန်းကတော့ သူ့ယောက်ျား မကောင်းကြောင်း မကြာခဏ ပြောတတ်သူပါ။ တစ်နေ့မှာ ကိုယ့်ချစ်သူ အဲဘတ်ရဲ့ အရင်ဇနီးဟာ ကိုယ်နှိပ်ပေးနေကျ သူငယ်ချင်း မယ်ရီအန်းဖြစ်နေမှန်း အီဗာ သိလိုက်ရပါတယ်။ အိမ်ထောင်ကွဲပြီး သမီးကိုယ်စီရှိကြတဲ့ လူနှစ်ယောက်ရဲ့ အချစ်ရေးကို အခြေခံထားတဲ့ အချစ်ဟာသဒရာမာပါ။ အိမ်ထောင်ရေးအခက်အခဲတွေ၊ သားသမီးပြုစုပျိုးထောင်ရတာတွေ၊ လက်တွဲဖော်အပေါ်ထားတဲ့ သဘောထားတွေကို နေ့စဉ်ဘဝနဲ့နီးစပ်တဲ့ ပုံစံနဲ့ တင်ပြထားပါတယ်။ အီဗာနေရာမှာ Julia ပါဝင်ထားပြီး အဲဘတ်နေရာမှာတော့ Soprano စီးရီးရဲ့ Tony Soprano အဖြစ် သရုပ်ဆောင်ခဲ့တဲ့ James Gandofini က သဘောကောင်းပြီး ကြင်နာတတ်သူအဖြစ် ပါဝင်ထားပါတယ်။
ဇာတ်ကားကြည့်ရန်