Red ဆိုတာကတော့ Retire: Extremely Dangerous ကို အတိုကောက်ခေါ်တာဖြစ်ပြီး "အငြိမ်းစား-အလွန်ကြမ်း" ဆိုသလို အငြိမ်းစားယူထားပြီးဖြစ်တဲ့ စီအိုင်အေက အေးဂျင့်တွေရဲ့ အကြောင်းကို ဟာသတွေနှောလို့ အက်ရှင်စွန့်စားခန်းအဖြစ် ခမ်းခမ်းနားနားရိုက်ကူးထားတာပါ။ အငြိမ်းစားဇာတ်ကောင်နေရာတွေမှာ ဝါရင့်သရုပ်ဆောင်တွေဖြစ်တဲ့ Bruce Willis , Morgan Freeman , John Malkovich , Helen Mirren , Mary-Louise Parker တို့နဲ့တည်ဆောက်ထားပြီး The Boys ထဲက ဝူးဝါးဇာတ်ကောင်ကြီး Karl Urban လဲ ပါဝင်ထားပါသေးတယ်။ ဇာတ်လမ်းကတော့.... အေးဂျင့်ဟောင်းဖရန့်ခ်မို့စ်ဟာ သာမန်မိန်းကလေးတစ်ယောက်ဖြစ်တဲ့ ဆာရာကို ချစ်မိခဲ့ရာက စွန့်စားခန်းတွေအပြည့်နဲ့ အချစ်ဇာတ်လမ်းလေးဖြစ်ပေါ်လာတာက ဒီဇာတ်ကားရဲ့ အဓိကဆွဲဆောင်မှုတစ်ခုပါ... ဒါ့အပြင် တစ်ယောက်ချင်းမှာ unique ဖြစ်တဲ့ character တွေနဲ့ ဖရန့်ခ်ရဲ့ မိတ်ဆွေဟောင်းတွေကလဲ ဒီဇာတ်လမ်းမှာ ဘယ်လိုပါဝင်ပက်သက်လာကြတယ်ဆိုတာကလဲ စိတ်ဝင်စားစရာပါ ဘယ်သူမှန်းမသိတဲ့တစုံတရာက သူတို့ကိုသတ်ဖို့ ကြိုးစားလာတဲ့အခါမှာတော့ အငြိမ်းစားယူထားပေမယ့် ထက်မြက်တောက်ပဆဲ သူတို့ရဲ့လက်ရည်တွေကို ထုတ်ပြရပါတော့တယ် အန္တရာယ်ကြားက စွန့်စားခန်းတွေနဲ့ ဇာတ်လမ်းလေးအဆုံးမှာ သူတို့ကိုသတ်ဖို့ကြိုးစားနေတဲ့သူကို တွေ့ရမလား ဖရန့်ခ်ကရော အချေမလေး ဆာရာရဲ့ အချစ်ကိုရပါ့မလားဆိုတာ...။ RED 2 (2013) အဆက်ထပ်ထွက်ခဲ့ပြီး CM မှာ ၂ ကားလုံးတင်ဆက်ထားပါတယ်။ File size…(9.6 GB)/(1.7 GB )/(1 GB) Quality….BluRay 4K HEVC/ 1080p HEVC/ 720p Format…mkv/mp4 Duration….01:51:09 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by May Tharaphi Lwin
ဇာတ်ကားကြည့်ရန်