Lord of the Flies (2026) S1 +++++++++++++ အပိုင်း ( ၁ မှ ၄ ) အထိ စ / ဆုံး IMDb Rating (6.6) / Rotten Tomatoes (92%) ဒီစီးရီးဟာ နာမည်ကျော်စာရေးဆရာ William Golding ရဲ့ ဂန္ထဝင်ဝတ္ထုကို BBC က အပိုင်း ၄ ပိုင်းပါတဲ့ Mini-series အဖြစ် ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ၁၉၅၀ခုနှစ်ဝန်းကျင် စစ်ပွဲတွေဖြစ်ပွားနေတဲ့ကာလမှာ ကျောင်းသားလေးတွေကို တင်ဆောင်လာတဲ့ လေယာဉ်တစ်စင်းဟာ ပစိဖိတ်သမုဒ္ဒရာထဲက လူသူမရှိတဲ့ ကျွန်းတစ်ကျွန်းပေါ်ကို ပျက်ကျသွားပါတယ်။ လူကြီးတစ်ယောက်မှ ပါမလာဘဲ ကလေးတွေချည်းပဲ သောင်တင်နေတဲ့အခါမှာ သူတို့ဟာ ရှင်သန်နိုင်ဖို့အတွက် ကိုယ်ပိုင်အဖွဲ့အစည်းတစ်ခုကို တည်ဆောက်ကြပါတယ်။ နူးညံ့ပြီး စည်းကမ်းရှိတဲ့ Ralph က ခေါင်းဆောင်အဖြစ် အရွေးခံရပြီး၊ အမြော်အမြင်ရှိတဲ့ Piggy ရဲ့ အကူအညီနဲ့ မီးပုံဖိုကာ ကယ်ဆယ်ရေးကို စောင့်ဆိုင်းဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ အာဏာလိုချင်တဲ့ Jack ကတော့ စည်းကမ်းတွေကို ဂရုမစိုက်ဘဲ အမဲလိုက်ဖို့နဲ့ ပျော်ပါးဖို့ကိုပဲ ဦးစားပေးတဲ့အတွက် အုပ်စုနှစ်စုကွဲပြီး ပဋိပက္ခတွေ စတင်ပါတော့တယ်။ အချိန်ကြာလာတာနဲ့အမျှ ကလေးတွေရဲ့ ရင်ထဲက လူသားဆန်မှုတွေ ပျောက်ကွယ်ပြီး တဖြည်းဖြည်း ရက်စက်ကြမ်းကြုတ်တဲ့ တောရိုင်းစိတ်တွေ ဝင်လာပုံကို ရင်နင့်ဖွယ် မြင်တွေ့ရမှာပါ။ ဒီကလေးတွေ လူမဲ့ကျွန်းပေါ်ကနေ လွတ်မြောက်သွားနိုင်မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ Size – 1.40GB / 831MB Quality –WEB-DL 1080p HEVC / 720p Episodes - 4 Eps Duration - 57m Subtitle – Myanmar Hardsub Format – mkv /mp4 Genre : Drama , Thriller
ဇာတ်ကားကြည့်ရန်