ပေါ်ပြူလိုင်ရာဆိုတဲ့ နာမည်ကြီးပြဇာတ်ရုံမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ အဖြစ်အပျက်တွေ မကြာခဏ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ပြဇာတ်ရုံထဲမှာ ဝိညာဉ်တစ်ခုရှိတယ်လို့ လူအများက ယုံကြည်နေကြတယ်။ တစ်နေ့မှာ အသံမြင့်အဆိုရှင် ကာလော့တာက စိတ်အလိုမကျဖြစ်ပြီး ရုတ်တရက် ထွက်သွားတာကြောင့် ညပွဲအတွက် ခရစ္စတင်းဒါယဲရ်ဆိုတဲ့ မိန်းကလေးငယ်ကို အစားထိုးသီဆိုခိုင်းလိုက်ရပါတယ်။ ခရစ္စတင်းဟာ အကအဖွဲ့က မိန်းကလေးဖြစ်ပေမယ့် ကာလော့တာထက်တောင် ကောင်းကောင်းဆိုနိုင်လို့ အားလုံး အံ့အားသင့်သွားကြတယ်။ သူ့ကို သီချင်းဆိုသင်ပေးနေသူကတော့ ပြဇာတ်ရုံကြီးရဲ့ ဝိညာဉ်ပါ။ ခရစ္စတင်းက သူ့ဆရာရဲ့အသံကိုပဲ ကြားဖူးပြီး လူကို တစ်ခါမှ မမြင်ဖူးပါဘူး။ ဒါပေမယ့် အသံကနေတစ်ဆင့်ပဲ လေးစားချစ်ခင်နေပြီး သူ့ရဲ့ တေးသွားတမန်တော်လို့ မှတ်ယူထားတယ်။ အဲဒီလိုနဲ့ ခရစ္စတင်းရဲ့ ငယ်ချစ်ဦး ရာအိုးလ် ပြဇာတ်ရုံကို ရောက်လာပါတယ်။ သီချင်းတွေနဲ့ ဇာတ်လမ်းကို ဆက်ပြောပြသွားတဲ့ ဒီအချစ်ဒရာမာမှာ ခရစ္စတင်းဟာ ငယ်ကတည်းက ချစ်မြတ်နိုးခဲ့သူ ရာအိုးလ်ကို ရွေးမလား၊ သီချင်းဆိုတတ်အောင် သင်ပေးခဲ့ပြီး အမြဲလေးစားခဲ့ရတဲ့ ဆရာကိုပဲ ရွေးမလား။
ဇာတ်ကားကြည့်ရန်