Society (1989) IMDb Rating (6.5) / Rotten Tomatoes (69%) ဘီလီဟာ Beverly Hills မြို့မှာနေထိုင်ပြီး ချမ်းသာကြွယ်၀တဲ့ မိသားစုက ဆင်းသက်လာပေမယ့် သူ့ကိုယ်သူ သူ့မိသားစု၊ သူ့ပတ်ဝန်းကျင်က အထက်တန်းစားလူ့အဖွဲ့အစည်းနဲ့မဆိုင်ပဲ ကွဲထွက်နေတယ်လို့စိတ်ထဲမှာခံစားနေရပါတယ်။ တစ်နေ့တော့ သူ့သူငယ်ချင်းတစ်ယောက်ပေးလိုက်တဲ့ အသံဖမ်းတိပ်ခွေထဲမှာ သူ့မိသားစုနဲ့အထက်တန်းစားမိတ်ဆွေတွေဟာပုံမှန်မဟုတ်ပဲ ထူးခြားတဲ့လိင်မှုကိစ္စမျိုးတွေနဲ့သာယာမှုယူနေတဲ့အသံကိုကြားလိုက်ရပါတယ်။ အဲ့ဒီကိစ္စကိုရိပ်မိကြတဲ့ ဘီလီနဲ့သူငယ်ချင်းတွေ စစုံစမ်းမိချိန်မှာတော့ သူ့သူငယ်ချင်းတွေ တစ်ယောက်ပြီးတစ်ယောက် လက်စဖျောက်ပစ်ခံရပြီး သူ့အလှည့်ရောက်ရှိလာချိန်မှာတော့..။ အထက်တန်းလွှာတွေက အောက်ခြေလူတန်းစားကိုခေါင်းပုံဖြတ်အမြတ်ထုတ်စုပ်ယူကြတယ်ဆိုတဲ့ အယူအဆကိုအမှန်အကန်အသက်သွင်းပုံဖော်ထားတဲ့ Social Satire ဇာတ်ကားတစ်ကားဖြစ်ပြီး ၁၉၈၉မှာ ရိုက်ကူးပြီးစီးခဲ့ပေမယ့်ဇာတ်ကားထဲက ကြမ်းတမ်းရဲတင်းလွန်းတဲ့ ပြကွက်တွေ အထူးပြုလုပ်ချက်တွေကြောင့်အမေရိကန်မှာ ၁၉၉၂ မှရုံတင်ပြသခွင့်ရခဲ့ပါတယ်။ Body Horror ဇာတ်ကားဖြစ်လို့ရွံရှာဖွယ်၊ စိတ်မသက်မသာစရာမြင်ကွင်းတွေတင်းကြမ်းပါဝင်ပြီး ဝတ်လစ်စလစ်ဇာတ်ဝင်ခန်းတစ်ချို့လည်းပါဝင်လို့ကြည့်ရဲမှကြည့်သင့်တဲ့ကားပါ။ (ဝတ်လစ်စလစ် အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။) File size… (3.3 GB) / (1.3 GB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy,Horror,Thriller Duration…. 01:39:40 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်