Sam နဲ့ Gary တို့မောင်နှမဟာ နပန်းသတ်တာ၊ တိုက်ခိုက်ရတာတွေကို သဘောကျကြပြီး မြို့ထဲက ပြဿနာရှာတတ်တဲ့ ဆယ်ကျော်သက်အဖွဲ့နဲ့လည်း မတည့်ကြပါဘူး။ ဒါပေမယ့် အဲဒီအဖွဲ့ရဲ့ခေါင်းဆောင် Billy က Sam ကို ချစ်ချင်ယောင်ဆောင်ပြီး ချဉ်းကပ်လာတယ်။ သူ့ရည်ရွယ်ချက်က Sam တို့မိဘတွေ ခရီးသွားတုန်း သူတို့အိမ်မှာ ပါတီလုပ်ခွင့်ရဖို့ပါ။ Sam က Billy ကို သဘောကျသွားပြီး အိမ်မှာ ပါတီလုပ်ခွင့် ပေးလိုက်ပါတယ်။ Gary ကတော့ သူ့အစ်မနဲ့ သူ့ကြားကို Billy ဝင်လာတယ်လို့ ခံစားရပြီး လက်စားချေဖို့ ချောင်းနေတယ်။ ပါတီလုပ်တဲ့ညမှာ Billy ရဲ့ သရုပ်မှန်ပေါ်လာလို့ ပြဿနာတွေတက်နေတုန်း ဂြိုလ်သားတွေ ရောက်လာပြီး လူတွေကို တိုက်ခိုက်ပါတော့တယ်။ Billy ကြောင့် အဆင်မပြေဖြစ်ခဲ့ကြတဲ့ Sam နဲ့ Gary တို့မောင်နှမဟာ Gary ရဲ့သူငယ်ချင်းတွေနဲ့အတူ ဂြိုလ်သားတွေကို ရင်ဆိုင်ကြရတော့တယ်။ ကလေးတွေနဲ့ ဂြိုလ်သားတွေကြားက တိုက်ပွဲကို အခြေခံထားတဲ့ သိပ္ပံစိတ်ကူးယဉ် ထိတ်လန့်ဇာတ်ကားပါ။
ဇာတ်ကားကြည့်ရန်