★ 6.8
ဇာတ်ကား / 2014Asterix: The Mansions of the Gods
ရောမဘုရင် ဂျူးလီယက်ဆီဇာဟာ တိုက်ပွဲတွေ အနိုင်ရပြီး နယ်မြေအများကြီး သိမ်းပိုက်ထားနိုင်ပေမယ့် အာမိုးရခ်ဒေသက ဂေါလ်လူမျိုးတွေ နေထိုင်တဲ့ ရွာလေးကိုတော့ မသိမ်းနိုင်သေးပါဘူး။ အဲဒီရွာကို ဂေါလ်သူရဲကောင်း အက်စတီးရစ်နဲ့ လူသန်ကြီး အော့ဘလိဇ်တို့က ကာကွယ်ပေးနေကြသလို ရွာကဆရာတော်ရဲ့ မှော်ဆေးရည်အစွမ်းကိုလည်း ဆီဇာ ကြောက်နေရပါတယ်။ ဒီတစ်ခေါက်မှာတော့ ဆီဇာက အာမိုးရခ်ဒေသရဲ့ တောအုပ်ထဲမှာ သူ့အိမ်တော်ကို လာဆောက်ချင်နေတယ်။ ဘုရင်အာဏာနဲ့ အတင်းအကြပ် ဆောက်ဖို့လုပ်လာတဲ့အခါ နယ်ခံအက်စတီးရစ်တို့က တောအုပ်ကို ကာကွယ်ဖို့ ကြိုးစားကြရပြန်ပါတယ်။ အဲဒီကနေ ရွာသားတွေနဲ့ ရောမသားတွေကြား အလွဲလွဲအချော်ချော်တွေ ဖြစ်လာပုံကို စွန့်စားခန်းဟာသ ကာတွန်းဇာတ်ကားအဖြစ် ပြထားပါတယ်။
ဇာတ်ကားကြည့်ရန်