★ 6.6
ဇာတ်ကား / 2018Zombiepura
စစ်တပ်စခန်းတစ်ခုမှာ ဇွန်ဘီဗိုင်းရပ်စ် စပြန့်လာတဲ့အခါ အမြဲရေသာခိုတတ်တဲ့ စစ်သားတစ်ယောက်၊ စည်းကမ်းကြီးတဲ့ အထက်အရာရှိနဲ့ စစ်ကန်တင်းက ကောင်မလေးတို့ဟာ ကပ်ဘေးကနေ လွတ်မြောက်ဖို့ ကြိုးစားကြရပါတယ်။ ဇာတ်လမ်းထဲမှာ ဗီလိန်ဇာတ်ကောင်လည်း ပါဝင်ပြီး အခက်အခဲကို ကိုယ့်တစ်ယောက်တည်း ကျော်ဖြတ်ဖို့ ကြိုးစားတာထက် စုပေါင်းရင်ဆိုင်ခြင်းရဲ့ အရေးပါမှုကို ပြထားပါတယ်။ စင်္ကာပူဒါရိုက်တာ Jacen Tan ရိုက်ကူးထားတဲ့ Zombiepura က ဟာသနဲ့ ထိတ်လန့်စရာတွေ ရောထားတဲ့ ဇွန်ဘီကားပါ။ စင်္ကာပူနဲ့ တရုတ်ယဉ်ကျေးမှုအငွေ့အသက်တွေ၊ သူတို့ရဲ့ စကားပြောဟန်နဲ့ လေယူလေသိမ်းတွေကိုလည်း တွေ့ရတယ်။ “မင်းအမေတောင် မင်းထက် ပိုလုပ်တတ်ဦးမယ်” ဆိုတဲ့စကားကို မကြာခဏ ကြားရပြီး အဲဒီစကားပြောဟန်က Uncle Roger ရဲ့လေယူလေသိမ်းကို သတိရစေပါတယ်။
ဇာတ်ကားကြည့်ရန်