Love Don't Co$t a Thing (2003) IMDb Rating (5.3) / Rotten Tomatoes (13%) ၂၀၀၀ ပြည့်လွန်နှစ်တွေရဲ့ နာမည်ကျော် Teen Rom-Com (ဆယ်ကျော်သက် အချစ်ဟာသ) ကားလေးတစ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ၁၉၈၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ Can't Buy Me Love ရုပ်ရှင်ကို ခေတ်သစ်ပုံစံနဲ့ ပြန်လည်ရိုက်ကူးထားတာပါ။ ဇာတ်လမ်းကတော့ အထက်တန်းကျောင်းက စာဂျပိုး လေး Alvin Johnson အကြောင်းပါ။ သူဟာ ကားပြင်ရာမှာ အရမ်းတော်ပေမဲ့ ကျောင်းမှာတော့ လူရာမဝင်တဲ့သူတစ်ယောက်ပေါ့။ တစ်နေ့မှာတော့ ကျောင်းရဲ့ အလှဆုံးနဲ့ နာမည်အကြီးဆုံး Cheerleader မလေး Paris Morganရဲ့ ကားပျက်သွားတဲ့အခါ Alvin အတွက် အခွင့်အရေး ရလာပါတော့တယ်။ Alvin က Paris ရဲ့ကားကို ပြင်ပေးမယ် သူ့ရဲ့ ရည်းစားအဖြစ် နှစ်ပတ်တိတိ ဟန်ဆောင်ပေးဖို့ ကမ်းလှမ်းလိုက်ပါတယ်။ သူဟာ Paris နဲ့ တွဲပြလိုက်ရင်း ကျောင်းမှာ "Cool" ဖြစ်တဲ့သူတစ်ယောက် ဖြစ်လာဖို့ ကြိုးစားတာပါ။ ဒါပေမဲ့ သူတကယ်ပဲ နာမည်ကြီးလာတဲ့အခါမှာတော့ Alvin ဟာ သူ့ရဲ့ သူငယ်ချင်းကောင်းတွေနဲ့ သူ့ရဲ့ စရိုက်အမှန် ဘဝပါမေ့လာပြီး Paris အပေါ်မှာလည်း တကယ့်အချစ်တွေ ရှိလာတဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့်ရမယ့် ဆယ်ကျော်သက် အချစ်ဇာတ်လမ်းကောင်းလေးပါ။ File size… (2.6 GB) / (1.5 GB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy,Drama,Family,Romance Duration…. 01:41:42 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်