★ 7.6
ဇာတ်ကား / 2022Stealing Raden Saleh
ပီကိုဟာ နိုင်ငံကျော်ပန်းချီဆရာတွေရဲ့ လက်ရာတွေကို ပုံတူပွားဆွဲတဲ့သူပါ။ သူဆွဲထားတဲ့ ပုံတူပန်းချီကားတစ်ချပ်က လေလံပွဲမှာ သန်းကိုးရာနဲ့ ရောင်းထွက်သွားတဲ့အကြောင်းနဲ့ ဇာတ်လမ်းကို စထားပါတယ်။ ပီကို့အဖေကတော့ လုယက်မှုတစ်ခုနဲ့ ထောင်ကျနေပြီး အဖေ့အမှုကို ပြန်စစ်ဆေးပေးဖို့အတွက် ပီကို့မှာ ငွေ ၂ ဘီလီယံ လိုလာပါတယ်။ အဲဒါနဲ့ သူငယ်ချင်း အူးကျွတ်နဲ့ တိုင်ပင်ရင်း နာမည်ကျော်ပန်းချီဆရာ ရာဒင်ဆာလက်ရဲ့ ပန်းချီကားတစ်ချပ်ကို ပုံတူကူးဆွဲပြီး ရောင်းဖို့ အကြောင်းဖန်လာတယ်။ အင်ဒိုနီးရှား အက်ရှင်မှုခင်းဒရာမာကားဖြစ်ပြီး ပီကိုတစ်ယောက် ဒီပန်းချီကားကို ပုံတူဆွဲကာ အောင်အောင်မြင်မြင် ရောင်းနိုင်ပါ့မလား၊ သူ့အဖေအတွက် အယူခံဝင်နိုင်အောင် လုပ်ပေးနိုင်ပါ့မလားဆိုတာကို ဆက်ပြထားပါတယ်။
ဇာတ်ကားကြည့်ရန်