Dridam (2026) ဗဟေဠိ ရဲ့နောက်ကွယ် IMDb (7.3/10) ၂၀၂၆ခုနှစ်ရဲ့မကြာသေးခင်ကမှ ရုံတင်ပြသခဲ့တဲ့ မလေးယာလမ် (Malayalam) စုံထောက်သည်းထိတ်ရင်ဖို ရုပ်ရှင်ကားတစ်ကား ကိုတင်ဆက်ပေးလိုက်ပါတယ်။ နာမည်ကြီး ဒါရိုက်တာ Jeethu Joseph (Drishyam ရုပ်ရှင်ဖန်တီးသူ) က တင်ဆက်ပေးထားပြီး ဒါရိုက်တာ Martin Joseph Tharakunnel က ရိုက်ကူးထားတာဖြစ်ပါတယ်။ ခေါင်းဆောင်မင်းသားအဖြစ် လူငယ်မင်းသား Shane Nigam က ပါဝင်သရုပ်ဆောင်ထားပါတယ်။အေးချမ်းသာယာတဲ့ တောင်ပေါ်စခန်းတစ်ခုမှာ ပထမဆုံးအကြိမ် တာဝန်ကျလာတဲ့ ရဲအရာရှိငယ်လေး ဗီဂျေးဟာ အေးချမ်းသာယာပြီး ရာဇဝတ်မှုကင်းစင်တဲ့ ရွာလေးတစ်ရွာမှာ ပထမဆုံးအကြိမ် တာဝန်ကျခဲ့ပါတယ်။ အေးအေးဆေးဆေး တာဝန်ထမ်းဆောင်ရမယ်လို့ သူမျှော်လင့်ထားခဲ့ပေမဲ့ ရွာထဲမှာ လူေ_သရုပ်အလောင်းတစ်ခုကို စတင်တွေ့ရှိလိုက်ရတဲ့အခါမှာတော့ သူ့ရဲ့မျှော်လင့်ချက်တွေ ပျက်ပြယ်သွားခဲ့ရပါတယ်။ အခြေအနေတွေက ပိုမိုဆိုးရွားလာပြီး နောက်ထပ်လူေ_သအလောင်း နှစ်လောင်း ထပ်မံတွေ့ရှိရတဲ့အပြင် ဒေသတွင်း ကုမ္ပဏီတစ်ခုမှာလည်း အကြီးစား ဓားပြတိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ သဲလွန်စ အလွန်နည်းပါးနေတဲ့ ဒီအမှုတွဲတွေကို စုံစမ်းဖို့အတွက် အထက်လူကြီးတွေရဲ့ ဌာနတွင်းမှ ဖိအားများနဲ့ စိုးရိမ်ထိတ်လန့်နေသော ဒေသခံများကြားမှာ ဗီဂျေးဟာ မမျှော်မှန်းနိုင်တဲ့ အခက်အခဲများကို ဟန်ချက်ညီညီ ရင်ဆိုင်ဖြေရှင်းဖို့အပြင် နောက်ကွယ်က လျှို့ဝှက်ချက်တွေကို အချိန်မီ ဘယ်လိုဖော်ထုတ်သွားမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size… 5.57 GB / 1.64 GB / 947 MB Quality…WEB DL 4k HEVC / 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 7m Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်