IMDB rating - 6.0% Gerne - Drama ဒီတစ်ခေါက်မှာတော့ မင်းသား Alex Wolff နဲ့ The little mermaid(2023) ထဲက မင်းသမီး Halle Bailey တို့ ပါ၀င်သရုပ်ဆောင်ထားတဲ့ 2023 ခုနှစ်က ထွက်ရှိခဲ့တဲ့ The line ဆိုတဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးပါရစေ.. ဇာတ်လမ်းအကျဉ်းကတော့ တက္ကသိုလ်ဒုတိယနှစ် ကျောင်းသားတွေဖြစ်ကျတဲ့ တွန် နဲ့ မစ်ခ်ျဟာ KNA လို့ခေါ်တဲ့ လူမှုရေးကလပ်ရဲ့ အဖွဲ့၀င်တွေဖြစ်ကြပါတယ်။ အဖွဲ့ခေါင်းဆောင်ကတော့ တော့ဒ် ဖြစ်ပါတယ်။ အဲ့ဒီ ကလပ်ကို ၀င်ချင်တဲ့ ပထမနှစ်က ကျောင်းသားသစ်တွေလဲ ရှိနေပါတယ်။ အဲ့လို အဖွဲ့၀င်ဖြစ်ဖို့ကို ကျောင်းသားသစ်တွေဟာ အဖွဲ့စည်းမျဉ်းတွေကို လိုက်နာရပါတယ်။ ကျောင်းသားသစ်ထဲမှာမှ အို ဘရိုင်ယန်ဆိုတဲ့ ကောင်လေးဟာ မဟုတ်မခံပဲ သူ့ကို ရန်စလာပြီဆို ပြန်ပြောတတ်ပါတယ်။ တနေ့တော့ မစ်ခ်ျနဲ့ အဲ့ကောင်လေးနဲ့ ကိစ္စတစ်ခုကြောင့် ပြဿနာတတ်ကြပါတယ်။ လူသစ်ရွေးပွဲပြီးတဲ့နောက် အပန်းဖြေဖို့ဆိုပြီး မစ်ခ်ျတို့ရဲ့ နေကန်နားက အိမ်ကိုသွားကြပါတယ်။ ဖြစ်ချင်တော့ တော့ဒ်က တခြားကိစ္စရှိနေတဲ့အတွက် မလိုက်နိုင်တာကြောင့် တွန့်ကိုပဲ လက်လွှဲထားခဲ့ပါတယ်။ မစ်ခ်ျရဲ့ အိမ်ကိုရောက်တော့ မစ်ခ်ျတို့စီနီယာအဖွဲ့က စပြီး အဖွဲ့စည်းကမ်းတွေကို ချိုးဖောက်ပါတော့တယ်။ အဲ့လိုပေါက်ကရတွေ လုပ်ရင်းနဲ့ ဘယ်လို လက်လွန်ကြက်သွန်တွေဖြစ်သွားမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး .... (ပါ၀င်တဲ့ အသုံးအနှုန်းတွေက မသင့်တော်တဲ့အတွက် 18အောက်လေးတွေ ကျော်သွားပေးကြပါ) File size…(1.2 GB)/(787 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Ivy Noe
ဇာတ်ကားကြည့်ရန်