ဒီကားလေးကတော့၂၀၁၇ထွက်ကားလေးပါ။သိပြီးကြပြီနေမှာပါ။ မင်းသားကြီးBruce Willisရဲ့အသက်ကြီးပေးမယ့်မပျက်ဆီးတာကိုတွေ့ရမှာပါ။ အခွီနဲ့အက်ရှင်ပေါင်းဆက်ထားတဲ့တကယ်ရယ်ရတဲ့ကားလေးဖြစ်ပါတယ်။ အဆိုတော့Tygaတောင်ပါပါသေးတယ်။စတိဗ်(Bruce Willis)ဟာဗင်းနစ်ကမ်းခြေကအလွတ်စုံထောက်တဦးပါ။ အမျိုးသမီးတွေနဲ့ဆိုပလဲနံသင့်ပြီးသူ့ခွေးကိုထိရင်တော့လုံးဝသည်းမခံတဲ့သူမျိုးပါ။ ဇာတ်လမ်းကသူ့ခွေးအခိုးခံရတာကစတာပါ။ တကယ်တော့သူ့ခွေးအခိုးခံရတာလဲသူကစတာပါ။ ဒီဘဲကြီးတော်တော်ရှုပ်တယ်ဗျတကယ်ပါ။ John Wickကားထဲကလိုပဲသူ့ခွေးထိဓါးကြည့်ဆိုတော့ ပွဲကြမ်းတော့တာပေါ့။ သူပွဲကြမ်းပုံကတမျိုး John Wickလိုကြမ်းတာအဟုတ်ဘူး။ အသက်လေးကလည်းထောက်လာတော့ဦးနှောက်လေးသုံးပြီးကြမ်းတာပါ။ အဲတော့Bruce Willisတယောက်စုံထောက်ပီပီဘယ်လိုအကွက်တွေရွေ့ပြီး ဘယ်လိုဟာသဖောက်မလဲ။ အဆုံးသတ်မှာသူဘယ်လိုတွေအမြတ်ထုတ်သွားသလဲဆိုတာတော့ဇာတ်ကားလေးကိုဆက်ကြည့်လိုက်ပါဦးဗျာ။ တကယ့်မင်းသားကြီးဆိုတော့သဘာပါပါနဲ့နှုတ်ခမ်းလေးတွေပြုံးပြုံးသွားအောင်လုပ်ပြမယ့်ကားလေးပါဗျာ။ အားလပ်ရက်လေးအနားယူရင်ခွီကြပေါ့။ဂျက်ကီချန်းအကွက်တွေပါလာမယ်:3 (ဇာတ်လမ်းအညွှန်းနဲ. ဘာသာပြန်သူကတော့ Thura Zarni Aung ပဲဖြစ်ပါတယ်) File Size : (700 MB) Quality : 720p Bluray Running Time : 1hr 34minutes Format : Mp4 Genre : Action, Comedy, Thriller Translated By Thura Zarni Aung Encode By Thanhtike Zaw
ဇာတ်ကားကြည့်ရန်