ဒါရိုက်တာ Steven Quale (Final Destination 5, Into the Storm) ရိုက်ကူးထားတဲ့ "Black Box" ရုပ်ရှင်ဟာ လေယာဉ်ပေါ်မှာ ဖြစ်ပျက်တဲ့ သည်းထိတ်ရင်ဖို Sci-Fi, Horror အမျိုးအစား ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ "The Twilight Zone" ထဲက "Nightmare at 20,000 Feet" ဇာတ်လမ်းကို အမှတ်ရစေမယ့် ဒီရုပ်ရှင်ဟာ လေယာဉ်ခရီးစဉ်တစ်ခုအတွင်းက အသက်လုရုန်းကန်ရမှုတွေကို ရှုစားရမှာပါ။ ဆီယက်တဲလ် (Seattle) ကနေ နယူးအော်လင်းစ် (New Orleans) ကို ပျံသန်းမယ့် Vero Airlines လေကြောင်းလိုင်းရဲ့ ခရီးစဉ်အမှတ် ၂၉၈ ဟာ သာမန်ခရီးစဉ်တစ်ခုကနေ အိပ်မက်ဆိုးတစ်ခုအဖြစ် ပြောင်းလဲသွားပါတယ်။ လေယာဉ်ပေါ်မှာ ရှင်းပြလို့မရတဲ့ နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းချက်တွေနဲ့ မသင်္ကာဖွယ်ရာ ရောဂါကူးစက်မှုတွေ ဖြစ်ပွားလာတဲ့အပြင် ညကောင်းကင်ယံမှာလည်း ထူးဆန်းတဲ့ အလင်းရောင်တွေ၊ ဂြိုဟ်သားတွေလိုမျိုး ထူးဆန်းတဲ့ အရာတွေကို တွေ့လာရပါတယ်။ ခရီးသည်တစ်ဦးဖြစ်တဲ့ ဇာတ်ကောင် Jeremy (Tom Brittney) အပါအဝင် လေယာဉ်ပေါ်က ခရီးသည်တွေဟာ ထိတ်လန့်ကြောက်ရွံ့မှုတွေနဲ့အတူ အသက်ရှင်ကျန်ရစ်ဖို့ ကြိုးစားရုန်းကန်ရပုံတွေကို ရိုက်ကူးထားပါတယ်။ Black Box ဟာ အရမ်းဆန်းသစ်တီထွင်ထားတဲ့ ဇာတ်ကားမျိုး မဟုတ်ပေမယ့် ဒါရိုက်တာ Quale ရဲ့ ရိုက်ကူးမှုစွမ်းရည်ကြောင့် ပရိသတ်ကို ဇာတ်လမ်းအစကနေ အဆုံးထိ စိတ်ဝင်တစားနဲ့ လိုက်ပါစီးမျောစေမယ့် ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ Sci-Fi နဲ့ Thriller ဇာတ်ကားတွေကို ကြိုက်နှစ်သက်သူတွေအတွက် ကြည့်ရှုသင့်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန်