★ 5.8
ဇာတ်ကား / 2011The Veteran
အာဖဂန်စစ်ပွဲကနေ ပြန်လာတဲ့ ရောဘတ်မဲလ်လာဟာ လန်ဒန်တောင်ပိုင်းက သူ့အိမ်ကို ပြန်ရောက်လာပါတယ်။ အဲဒီနေရာက ဂိုဏ်းသမားတွေ အများစု အခြေချနေတဲ့ ရပ်ကွက်ဖြစ်ပြီး မူးယစ်ရာဇာ ဂျုံးစ်ကလည်း သူ့လက်အောက်မှာ အလုပ်လုပ်ဖို့ ရောဘတ်ကို ကမ်းလှမ်းလာတယ်။ ရောဘတ်ကတော့ အဲဒီအလုပ်ကို လက်မခံခဲ့ပါဘူး။ အလုပ်မရှိသေးတဲ့ ရောဘတ်ကို သူငယ်ချင်းတစ်ယောက်က လူသိမခံတဲ့ အစိုးရပိုင်းဆိုင်ရာ အလုပ်တစ်ခုနဲ့ မိတ်ဆက်ပေးလိုက်တယ်။ အလုပ်ဝင်လုပ်ပြီးမှ သူလုပ်ရမယ့်ကိစ္စတွေဟာ အကြမ်းဖက်သမားတွေနဲ့ ထပ်ပြီး ပတ်သက်နေမှန်း သိလာရပါတယ်။ အစိုးရပိုင်းနဲ့ အကြမ်းဖက်သမားတွေကြားက ကူးလူးဆက်သွယ်မှုတွေကို ပုံဖော်ထားတဲ့ ဗြိတိန် အက်ရှင်၊ ရာဇဝတ်မှုနဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားဖြစ်ပြီး ကြာချိန် တစ်နာရီခွဲရှိပါတယ်။
ဇာတ်ကားကြည့်ရန်