ဒီဇာတ်ကားကတော့ ဒါရိုက်တာ Woody Allen ရဲ့ အကောင်းဆုံး လက်ရာတွေထဲက တစ်ခုဖြစ်ပြီး အော်စကာဆု ၃ ဆုအထိ ဆွတ်ခူးထားတဲ့ Comedy / Drama ဇာတ်ကားကောင်း တစ်ကားပဲဖြစ်ပါတယ်။ နယူးယောက်မြို့မှာ နေထိုင်ကြတဲ့ ညီအစ်မသုံးယောက်ရဲ့ ရှုပ်ထွေးဆန်းပြားလွန်းတဲ့ ချစ်ခြင်းမေတ္တာ၊ အိမ်ထောင်ရေးနဲ့ ဘဝအဓိပ္ပာယ် ရှာဖွေမှုတွေကို အဓိက ပုံဖော်ထားတာပဲဖြစ်ပါတယ်။ "ဟန်နာ" ကတော့ ညီအစ်မ သုံးယောက်ထဲမှာ အအောင်မြင်ဆုံး၊ အတည်ငြိမ်ဆုံးနဲ့ ညီမတွေကို အမြဲကူညီစောင့်ရှောက်တတ်တဲ့သူဖြစ်ပေမဲ့ သူ့ရဲ့ ပြည့်စုံနေတဲ့ ဘဝနောက်ကွယ်မှာ တခြားသူတွေ မမြင်နိုင်တဲ့ ဟာကွက်တွေ ရှိနေပြန်ပါတယ်။ "လီ" ကတော့ အနုပညာဓာတ်ခံရှိပြီး ရုပ်ရည်ချောမောပေမဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိသူတစ်ယောက်ပါ သူ့ထက် အသက်ကြီးတဲ့ ပန်းချီဆရာတစ်ယောက်နဲ့ တွဲနေပေမဲ့၊ မမျှော်လင့်ဘဲ အစ်မဖြစ်သူ ဟန်နာရဲ့ယောကျာ်းက သူ့ကို တိတ်တခိုး ချစ်မိနေခဲ့တာပါ။ "ဟောလီ"ဆိုတဲ့သူကတော့ သရုပ်ဆောင်၊ စာရေးဆရာ၊ စီးပွားရေးလုပ်ငန်းတွေကို ဘဝမှာ အမြဲတမ်း တစ်ခုမဟုတ်တစ်ခု စိတ်ပါတာကို လိုက်လုပ်နေတတ်ပြီး စိတ်ကူးယဉ်ဆန်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ညီအစ်မသုံးယောက်ရဲ့ ဘဝတွေကို (ကျေးဇူးတော်နေ့) ဧည့်ခံပွဲသုံးခုကို အခြေခံပြီး အချိန်ခဏလေးအတွင်းမှာ ဘယ်လိုအလှည့်အပြောင်းတွေက ပြောင်းလဲရိုက်ခတ်သွားမလဲ..... အိမ်ထောင်ရေး ဖောက်ပြန်မှု၊ သဝန်တိုမှုတွေကြားထဲက ညီအစ်မသံယောဇဉ်နဲ့ ဘဝရဲ့အဓိပ္ပာယ်ကို ဘယ်လို ပြန်လည်ရှာဖွေတွေ့ရှိသွားမလဲဆိုတာကို ကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ်
ဇာတ်ကားကြည့်ရန်