ပုံပြင်နဲ့ ဇာတ်လမ်းတွေကို လေ့လာသူ အလစ်သီယာဟာ ဖန်ပုလင်းတစ်ခု ဝယ်မိရာကနေ မထင်မှတ်တဲ့အရာတစ်ခုနဲ့ ကြုံလာပါတယ်။ ပုလင်းထဲကနေ မီးခွက်စောင့်ဘီလူးလို ဂျင်တစ်ကောင် ထွက်လာပြီး သူ့ဆုတောင်းသုံးခုကို ဖြည့်ပေးမယ်လို့ ပြောလာတယ်။ ဒါပေမယ့် အဲဒီဆုတွေဟာ ဆုတောင်းသူရဲ့ရင်ထဲကနေ တကယ်နှစ်နှစ်ကာကာ လိုချင်တဲ့အရာတွေ ဖြစ်ရပါမယ်။ အဲဒီလိုဆုတွေကို ဖြည့်ပေးနိုင်မှသာ ဂျင်လည်း လွတ်မြောက်နိုင်မှာပါ။ ဂျင်ဟာ ကိုယ့်ဆန္ဒကို ထုတ်ဖော်မိလို့ ဆော်လမုန်ရဲ့ ပုလင်းထဲပိတ်လှောင်ခြင်းကို ခံခဲ့ရသူဖြစ်ပါတယ်။ အလစ်သီယာက သူ့အခြေအနေကို နားလည်လာဖို့ နှစ်ပေါင်းသုံးထောင်အတွင်း သုံးကြိမ်တိုင် ပိတ်လှောင်ခံခဲ့ရတဲ့အကြောင်းတွေ ပြန်ပြောပြတယ်။ အလစ်သီယာ တကယ်လိုချင်တာ ဘာလဲဆိုတာကိုလည်း နှစ်ယောက်သား စကားပြောရင်း ရှာဖွေကြပါတယ်။ အလစ်သီယာကတော့ ဆုတောင်းခွင့်ရတာနဲ့ ချက်ချင်းဆုတောင်းမယ့်သူမျိုး မဟုတ်ဘူး။ ဆုတောင်းမတတ်ရင် ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာနိုင်သလဲဆိုတာကို ပုံပြင်တွေကတစ်ဆင့် သိထားသူပါ။ သောင်တင်နေတဲ့ လူသုံးယောက်ထဲက နှစ်ယောက် ဆုတောင်းပြီး ထွက်သွားနိုင်ပေမယ့် ကျန်တစ်ယောက်က သူငယ်ချင်းတွေကို လွမ်းလို့ ပြန်ခေါ်ပေးပါဆိုပြီး ဆုတောင်းတဲ့ ပုံပြင်မျိုးကိုတောင် ထည့်ပြောထားပါတယ်။ ဒါကြောင့် သူ့အတွက် ဆုတောင်းတစ်ခုကို ရွေးဖို့ဆိုတာ သေချာစဉ်းစားရတဲ့ကိစ္စ ဖြစ်နေတယ်။ ဇာတ်လမ်းအများစုက အလစ်သီယာနဲ့ ဂျင်တို့ အခန်းထဲမှာ စကားပြောနေကြတာကို အခြေခံထားပြီး ဂျင်ပြန်ပြောပြတဲ့ အတိတ်ဇာတ်ကြောင်းတွေကို ကြားထဲမှာ ထည့်ပြထားပါတယ်။ ရှီဘာဘုရင်မနဲ့ ဆော်လမုန်တို့ခေတ်၊ ကွန်စတန်တီနိုပယ်နန်းတော်ထဲက အဖြစ်အပျက်တွေနဲ့ ဉာဏ်ရည်ထူးချွန်တဲ့ အမျိုးသမီးတစ်ယောက်အကြောင်းတို့ ပါဝင်တယ်။ စိတ်ကူးယဉ်ဒဏ္ဍာရီတွေ ရှိပေမယ့် စွန့်စားခန်းတွေထက် ဆန္ဒနဲ့ အချစ်အကြောင်း စကားဝိုင်းတွေကို ပိုအလေးပေးထားတဲ့ ဇာတ်ကားပါ။ Mad Max ဇာတ်ကားတွေရဲ့ ဒါရိုက်တာ၊ စာရေးဆရာ George Miller ရိုက်ကူးထားပြီး အလစ်သီယာအဖြစ် Tilda Swinton ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်ကားကြည့်ရန်