40 Dates and 40 Nights (2026) ဒီရက်ပိုင်း အလုပ်တွေပင်ပန်းလို့ အရမ်းကြည်နူးရတဲ့ဇာတ်ကားလေးကို စောင်ကိုက်ပြီး အသည်းတယားယား ကြည့်ချင်ရင်တော့ ဒီဇာတ်ကားလေးကိုသာ ကြည့်လိုက်ပါ။ ဇာတ်လမ်းအကျဉ်း လီယာဟာ ဆယ်ကျော်သက်ဘဝမှာ မိဘတွေ အိမ်ထောင်ရေးအဆင်မပြေခဲ့ရာကနေ အရွယ်ရောက်လာတဲ့အခါမှာ သူ့အရွယ် တခြားလူတွေလို အပြင်ထွက် ပျော်ပါး သောက်စား ဘာညာမရှိဘဲ အချစ်ကိုလည်း မယုံကြည်တော့တဲ့အတွက် အခင်ဆုံးသူငယ်ချင်းကလွဲရင် လူသစ်ဆိုလို့ ဘယ်သူနဲ့မှ မတွေ့တော့ပဲ တစ်ယောက်တည်း အရိုးထုတ်နေတဲ့ကောင်မလေး ဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူမနဲ့အတူ တိုက်ခန်းစပ်တူ စုငှားထားတဲ့ကောင်မလေးက ပြောင်းသွားတဲ့အတွက် သူ့မှာ လကုန် အိမ်ငှားခမပေးခင် တစ်လအတွင်း လူသစ်ရှာရရင်ရ မရရင် သူ့တစ်ယောက်တည်း အိမ်ငှားခပေးဖို့ ဖြစ်လာပါတော့တယ်။ဒီတော့ သူ့အနေနဲ့ အိမ်ငှားခကို တစ်ယောက်တည်း လချီမချုပ်နိုင်တဲ့အတွက် သူမအဖွားဖြစ်သူဆီကို သွားပြီး ပိုက်ဆံချေးပါတော့တယ်။ ဒါပေမဲ့ အဖွားဖြစ်သူက မြေးလေးတစ်ယောက် ဒီလိုတစ်ယောက်တည်း ဖြစ်နေတာကို မကြည့်ရက်တဲ့အတွက် သူ့မြေးလေး လီယာကို ကောင်လေးအယောက် ၄၀ နဲ့ ဒိတ်လုပ်ကြည့်ဖို့ အပေးအယူလုပ်ပါတော့တယ်။ အပေးအယူကတော့ အဖွားဖြစ်သူက ဒီအယောက် ၄၀ ထဲမှာ လီယာ တကယ်သဘောကျရတဲ့သူ ရှာတွေ့ကိုတွေ့စေရမယ်၊ ရှာမတွေ့ခဲ့ရင် အိမ်ငှားခ တစ်နှစ်စာ ထုတ်ပေးမယ်လို့ပဲ ဖြစ်ပါတယ်။ ဒီတော့ အချစ်ကိုမယုံကြည်တဲ့ လီယာတစ်ယောက် ညပေါင်း ၄၀ မှာ ကောင်လေး ၄၀ နဲ့ ဘယ်လိုဒိတ်မလဲ၊ သူမအနေနဲ့ တကယ်ချစ်ရတဲ့သူကိုရော ရှာတွေ့သွားမလားဆိုတာကို အူမြူးဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။ File size… (1.8 GB) / (850 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy, Romance Duration…. 01:41:00 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်