Soul on Fire (2025) +++++++++++ "Soul on Fire" ဇာတ်ကားဟာ စာရေးဆရာ ဂျွန်အိုလဲရီ(John O'Leary) ရဲ့ ဖြစ်ရပ်မှန်ဖြစ်တဲ့ “On Fire: The 7 Choices to Ignite a Radically Inspired Life” ဆိုတဲ့ အရောင်းရဆုံးစာအုပ်ကို ပြန်လည်ရိုက်ကူးထားတဲ့ အမေရိကန် အတ္ထုပ္ပတ္တိ ဒရမ်မာ (Biographical Drama) ရုပ်ရှင်ကားကြီး ဖြစ်ပါတယ်.... အသက် ၉ နှစ်အရွယ်ပဲ ရှိသေးတဲ့ ကောင်လေးဂျွန်အိုလဲရီဟာ မတော်တဆ မီးလောင်မှုတစ်ခုကြောင့် တစ်ကိုယ်လုံးနီးပါး ပြင်းထန်စွာ မီးလောင်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ ဆရာဝန်တွေက အသက်ရှင်ဖို့ မျှော်လင့်ချက်မရှိတော့ဘူးလို့ သတ်မှတ်ထားခဲ့ပေမဲ့ သူ့ရဲ့မိသားစု၊ သူငယ်ချင်းတွေ၊ ခိုင်မာတဲ့ယုံကြည်ချက်တွေနဲ့အတူ အားကစားကြေညာသူ ဂျက်ဘာ့ခ်ရဲ့ ကူညီအားပေးမှုတွေကြောင့် မယုံနိုင်စရာကောင်းလောက်အောင် အသက်ဘေးကနေ အံ့ဩဖွယ်ရာ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ ဒဏ်ရာတွေ၊ အခက်အခဲတွေကို ကြံ့ကြံ့ခံကျော်ဖြတ်ပြီး နောက်ပိုင်းမှာ လူသန်းပေါင်းများစွာကို စိတ်ခွန်အားပေးနိုင်တဲ့ Motivational Speaker တစ်ယောက် ဖြစ်လာပုံကို စိတ်လှုပ်ရှားဖွယ် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ File Size… (1.75GB) / (992MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…1h 53m Genre ….Biography , Drama Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်