Bad Sisters (2022) Bad sisters ကတော့ ဘယ်လ်ဂျီယံ စီးရီးဖြစ်တဲ့ "Clan aka The Outlaws" ကို ပြန်လည်ဖန်တီးထားတာပါ။ Dark comedy အမျိုးအစားဖြစ်ပြီး "Blackest Comedy Ever" လို့တောင်သတ်မှတ်ခံထားရတာပါ။ ဒီ Bad Sisters ကိုလဲ lost in translation မဖြစ်ရအောင်ပြန်လည်ဖန်တီးထားပါတယ်တဲ့။ Bad sisters ဆိုတာနဲ့ ညီအစ်မတွေဇာတ်လမ်းဆိုတာသိမှာပါ။ သူတို့ကသိပ်ချစ်ခင်စည်းလုံးကြတယ်။ သူတို့မှာပြသနာတစ်ခုပဲရှိတယ်။ အဲဒါကဘာလဲဆိုတော့ ဂျွန်ပေါ။ သူတို့ညီမထဲက ဂရေ့စ်လက်ထပ်ထားတဲ့ယောကျ်ား။ ဂျွန်ပေါက ခယ်မထဲကလေးမရနိုင်သူကို ကိုယ်ဝန်ရှိနေတာလားမေးသူ၊ နောက်ခယ်မတစ်ယောက်ရသင့်တဲ့ပရိုမိုးရှင်းကို ဝင်လုသူလို့ပြောရင် သူ ဘယ်လိုလူ ဆိုတာခန့်မှန်းလို့ရမယ်ထင်တယ်။ အဆိုးဆုံးကတော့ဂျွန်ပေါက ဂရေ့စ် နဲ့ သူ့သမီးကို ချုပ်ခြယ်လွန်းတာ၊ ခြယ်လှယ်လွန်းတာပါပဲ။ တစ်ခါတစ်ရံလက်ပါပါတတ်တာမျိုးပါ။ တစ်ရက်မှာတော့သူတို့ညီအစ်မတွေက ဂျွန်ပေါသေသွားရင်အေးမယ်ဆိုပြီး စနောက်ပြောကြပါလေရော။ နောက်ထပ် ၆ လအကြာမှာတော့ ဂျွန်ပေါသေသွားခဲ့ပါတယ်။ ဟိုညီအစ်မလေးယောက်လက်ချက်လို့ ထင်သွားပြီမဟုတ်လား။ အဲလိုထင်သူ နောက်တစ်ယောက်က ရဲတော့ မဟုတ်ဘူး အာမခံကုမ္ပဏီကလူပါ။ သူက ညီအစ်မငါးယောက်ရဲ့ပြဿနာတွေကို သိလို့တော့မဟုတ်ဘူး။ ဂျွန်ပေါရဲ့အသက်အာမခံကို မလျော်ချင်လို့ ဒါဟာလူသတ်မှုများဖြစ်နိုင်မလားဆိုတဲ့မျှော်လင့်ချက်နဲ့ ဒီကိစ္စကိုလိုက်စုံစမ်းပါလေရော။ ဒါကတကယ်ပဲလူသတ်မှုလား။ ဂျွန်ပေါရဲ့ခယ်မတွေလက်ချက်လား။ ဂရေ့စ်ကရောသိလား။ ဂျွန်ပေါကရောသတ်ခံရဖို့ တကယ်ထိုက်တန်လားဆိုတာတွေကိုတော့ ဒီစီးရီးမှာကိုယ်တိုင်ပဲရှာဖွေလိုက်ပါတော့။ စုစုပေါင်း ၁၀ ပိုင်း ထုတ်လွှင့်သွားမှာ ဖြစ်ပြီးတော့ အပတ်စဉ် သောကြာနေ့တိုင်း တစ်ပတ်ကို တစ်ပိုင်းနှုန်းနဲ့ တင်ပေးသွားမှာပဲ ဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။ Genre..... Comdey,Drama Quality…. 1080p | 720p File size… 1GB | 400MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida Encoder ..... August
ဇာတ်ကားကြည့်ရန်