စတားလုံး ပါဝင်ခဲ့တဲ့ လက်ဝှေ့ရုပ်ရှင်တွေရဲ့ နောက်ဆက်တွဲအဖြစ် မျိုးဆက်သစ်လက်ဝှေ့သမားကို အဓိကထား ရိုက်ကူးထားတဲ့ ခရိဇာတ်လမ်းရဲ့ တတိယကားပါ။ မိုက်ကယ်ဘီဂျော်ဒန် သရုပ်ဆောင်ထားတဲ့ ခရိဟာ ဒီဇာတ်ကားအစမှာ ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံဆုတွေ အကြိမ်ကြိမ် ရခဲ့ပြီး လက်ဝှေ့လောကကနေ အနားယူထားပါပြီ။ လက်ချောင်းအရိုးအက်တာ၊ မျက်ခုံးကွဲတာတွေကအစ ဒဏ်ရာဟောင်းတွေလည်း အများကြီး ကျန်နေခဲ့တယ်။ အခုတော့ မိသားစုနဲ့အတူ အေးအေးချမ်းချမ်း နေထိုင်ရင်း လက်ဝှေ့သမားလေးတွေကို ပျိုးထောင်ပေးနေပါတယ်။ တစ်နေ့မှာ သူ့ထက်အသက်ကြီးတဲ့ ငယ်သူငယ်ချင်း ဒိမ်းနဲ့ ပြန်ဆုံဖြစ်တယ်။ ဒိမ်းက ထောင်ထဲမှာ ၁၈ နှစ်လောက် နေခဲ့ရပြီးမှ ပြန်လွတ်လာသူပါ။ နှစ်ယောက်ကြားမှာ အတိတ်က အကြောင်းတွေလည်း ရှိခဲ့ကြတယ်။ အသက်ကြီးလာပေမယ့် လက်ဝှေ့အပေါ် စိတ်မကုန်သေးတဲ့ ဒိမ်းက ခရိလို ချန်ပီယံတစ်ယောက် ဖြစ်ချင်နေဆဲမို့ သူ့ကို ကူညီပေးဖို့ ခရိဆီ တောင်းဆိုလာပါတယ်။
ဇာတ်ကားကြည့်ရန်