ချိုချိုခါးခါး ရိုမန့်တစ်ကားလေးတွေကို ကြိုက်တတ်တဲ့သူတွေအတွက် ကြည်နူးစရာအပြင် ငိုကြွေးစရာလေးတွေပါ ရောပြွန်းနေတဲ့ အချစ်ကားလေးတစ်ကားလာပါပြီ။ ဇာတ်လမ်းအညွှန်းလေးအနေနဲ့ -ဇာတ်ညွှန်းဆရာလေးတစ်ယောက်ဟာ ရည်းစားနဲ့ပြတ်ပြီးကတည်းက ဘာဇာတ်ညွှန်းမှရေးမရတော့တာကြာခဲ့ပါပြီ ။ ဒီလိုနဲ့တစ်ရက်မှာ သူ့သူငယ်ချင်းရဲ့မြှောက်ပေးမှုနဲ့ Dating app တစ်ခုကိုဖွင့်ပြီး app ကတွဲပေးတဲ့ လိုက်ဖက်ညီမဲ့ကောင်မလေးဆိုတဲ့သူနဲ့စကားပြောရင်းကနေ သံယောဇဉ်ဖြစ်လာခဲ့ပါတော့တယ် ။ ဒီလိုနဲ့ အဲဒီကောင်မလေးနေတဲ့ကျွန်းပေါ်မှာ ဇာတ်ညွှန်းသွားရေးမယ်ဆိုပြီး သူ့အမေကိုပါ ခေါ်လာခဲ့ရင်းနဲ့ ကျွန်းပေါ်မှာ ကောင်မလေးကိုသွားရှာပါတော့တယ် ။ တကယ်တမ်းတစ်ဖက် ကောင်မလေးကလည်း သူ့ကိုမြင်ကတည်းကမှတ်မိပေမဲ့ ကိုယ်တိုင်က ဇာတ်ညွှန်းဆရာလေးထက်အသက်ကြီးနေတာကြောင့်ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိဖြစ်ပြီး သူပါဆိုတာကို ဖွင့်မပြောဖြစ်ရာကနေ ဒီဇာတ်လမ်းလေးအသက်ဝင်လာလို့လာပါတော့တယ် ။ကဲပရိသတ်ကြီးရေ ဇာတ်လမ်းလေးက ကမ်းခြေမှာရိုက်ကူးထားတာဖြစ်လို့ကြည့်ရှူ့နေတဲ့သူကိုလည်း healing ဖြစ်စေပြီး အမောပြေစေမှာပါ ။ ဇာတ်လမ်းကလည်းကောင်းပြီးတော့ ဟာသလေးတွေနှောထားတဲ့အပြင် ရင်ထဲထိလောက်မဲ့ဇာတ်ကွက်လေးတွေ ဒိုင်ယာလော့ခ်လေးတွေပါပါလို့ အခုပဲစတင်ကြည့်ရှူ့လိုက်ပါတော့နော် Filesize : 1.22 GB / 697 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Drama and Romance Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub )
ဇာတ်ကားကြည့်ရန်