The Other People (2026) ++++++++++++++ ဒီဇာတ်ကားကတော့ Horror ပရိသတ်တွေ အကြိုက်တွေ့စေမယ့် စိတ္တဇသည်းထိတ်ရင်ဖို ရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်လမ်းက Rachel ဆိုတဲ့ မိထွေးဖြစ်သူဟာ သူ့လင်ပါ သမီးလေး Abby နဲ့အတူ အိမ်အသစ်လေးမှာ ဘဝသစ်တစ်ခု တည်ဆောက်ဖို့ ကြိုးစားရင်း အမှောင်ထုထဲက လျှို့ဝှက်ချက်တွေနဲ့ ရင်ဆိုင်ရပုံကို ရိုက်ကူးထားတာပါ။ သမီးလေး Abby က သူတို့အိမ်ရဲ့ အမှောင်ထောင့်တွေနဲ့ လူမသိတဲ့ နေရာတွေမှာ ပုန်းအောင်းနေထိုင်တဲ့ အဲရစ်ဆိုတဲ့ ကောင်လေးတစ်ယောက်နဲ့ သူငယ်ချင်းဖြစ်သွားပြီးနောက်ပိုင်း အိမ်ထဲမှာ ကြောက်စရာကောင်းတဲ့ ကိစ္စတွေ တစ်ခုပြီးတစ်ခု ဖြစ်လာပါတော့တယ်။ ဇာတ်ရှိန်တက်လာတာနဲ့အမျှ တဖြည်းဖြည်း ခြောက်ခြားဖို့ကောင်းလာပြီး အမှောင်ထဲက လူမသိတဲ့ “အခြားလူတွေ” က ဘယ်သူလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရမှာပါ။ ဇာတ်အိမ်ခိုင်ခိုင်နဲ့ ပရိသတ်ကို ဆွဲခေါ်သွားနိုင်လို့ ၂၀၂၅ခုနှစ် ရုပ်ရှင်ပွဲတော်တွေမှာပါ ဆုတွေရခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး ခြောက်ခြားစရာ အလှည့်အပြောင်းတွေနဲ့ စိတ်လှုပ်ရှားဖို့ ကောင်းလွန်းတာမို့ လက်မလွတ်တမ်း ကြည့်ရှုဖို့ ညွှန်းဆိုပေးလိုက်ချင်ပါတယ်။ File Size… (992MB) / (714MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…1h 53m Genre …Horror Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်