အလှပြင်ဆိုင်မှာ အလုပ်လုပ်တဲ့ စတယ်လာက တစ်နေ့ ဆေးခြောက်ဆိုင်ဖွင့်ချင်တာကလွဲရင် တခြားရည်မှန်းချက် ရေရေရာရာမရှိဘဲ အမြဲလိုလို ဆေးခြောက်မူးနေတတ်သူပါ။ အားလပ်ချိန်မှာလည်း အပိုဝင်ငွေရဖို့ ဆေးခြောက်လိုက်ပို့ပေးတယ်။ ဧပြီ ၂၀ ရက်၊ ၄၂၀ နေ့မှာတော့ အခန်းထဲက မထွက်ဘဲ တစ်နေကုန် ဆေးခြောက်သောက်ဖို့ စိတ်ကူးထားပေမယ့် လုပ်ဖော်ကိုင်ဖက် ဒါဆီကြောင့် အလုပ်နားလို့မရဘဲ ဆိုင်သွားရပါတော့တယ်။ စတယ်လာကလည်း သူ့အစီအစဉ်ကို ဖျက်လိုက်တဲ့ ဒါဆီကို တစ်ပတ်ပြန်ရိုက်ပြီး အလုပ်ကနေ စောစောလစ်ထွက်လာတယ်။ အလုပ်လုပ်ပြရတဲ့အခါ စိုးရိမ်ပူပန်တတ်တဲ့ ဒါဆီက ဆိုင်မှာ တစ်ယောက်တည်း ဖောက်သည်အများကြီးကို အလှပြင်ပေးရတော့ အလွဲလွဲအချော်ချော်ဖြစ်ကုန်ပါတယ်။ နောက်ဆုံး ဖောက်သည်တွေနဲ့ ရန်ဖြစ်ပြီး အလုပ်ဖြုတ်ခံလိုက်ရတယ်။ ဒါဆီက သူခံရသလို စတယ်လာကိုလည်း ပြန်ခံစားစေချင်လို့ အိမ်အထိ လိုက်သွားပြီး တွေ့သမျှဆေးခြောက်တွေကို အိမ်သာထဲပစ်ထည့်ကာ ရေဆွဲချလိုက်ပါတယ်။ ပြဿနာက အဲဒီပစ္စည်းတွေဟာ စတယ်လာ ပို့ပေးရမယ့် ဆေးခြောက်တွေဖြစ်နေပြီး တစ်ပေါင်ကို ဒေါ်လာနှစ်သောင်းတန်တဲ့ ပင့်ခ်ဟက်ရှမီနာ အမျိုးအစား ဖြစ်နေတာပါ။ ပစ္စည်းပိုင်ရှင် မူးယစ်ရာဇာ မဒမ်အိတ်စ်က သူ့ဆေးခြောက်တွေကို ဖြောင်လိုက်ပြီလို့ ထင်ပြီး လူတွေလွှတ်လိုက်ပါတယ်။ အခုတော့ စတယ်လာနဲ့ ဒါဆီ နှစ်ယောက်စလုံး သူတို့နောက်လိုက်လာသူတွေကို ရှောင်နိုင်ပါ့မလား၊ ပျောက်သွားတဲ့ ပင့်ခ်ဆေးခြောက်တွေကို ပြန်ပေးနိုင်ပါ့မလားဆိုတဲ့ အခက်အခဲတွေ ရင်ဆိုင်ရတော့တယ်။ ဆေးမူးနေတဲ့ နှစ်ယောက်သား ဒီကြားထဲ ဘယ်လိုအလွဲတွေ ထပ်လုပ်မိကြဦးမလဲဆိုတာ ဟာသအဖြစ် ဆက်ပြထားပါတယ်။
ဇာတ်ကားကြည့်ရန်