ဆမ်ဟာ ချစ်ရတဲ့ဇနီး ဆုံးပါးသွားပြီးနောက် သားလေး ဂျိုနာနဲ့အတူ ကျန်ရစ်ခဲ့သူပါ။ နေထိုင်ရာ ချီကာဂိုမြို့မှာ ဘယ်နေရာသွားသွား ဇနီးကိုပဲ သတိရနေမိတာကြောင့် အဲဒီအတွေးတွေကနေ ဝေးနိုင်ဖို့ ဆီယာတယ်မြို့ကို ပြောင်းလာခဲ့တယ်။ ဒါပေမယ့် မြို့သစ်ရောက်လာလည်း ဆမ်ရဲ့ပူဆွေးမှုက မလျော့သွားပါဘူး။ အဖေ့ကို ဒီလိုမြင်နေရတဲ့ ဂျိုနာက စိတ်ပညာအကြံပေး ရေဒီယိုအစီအစဉ်တစ်ခုဆီ ဖုန်းဆက်လိုက်ပါတယ်။ သူတောင်းတဲ့အကူအညီကတော့ အဖေ့အတွက် ဇနီးအသစ် ရှာပေးဖို့ပါ။ အစီအစဉ်မှာ ဖုန်းဖြေကြားပေးနေတဲ့ ဆရာဝန်က ဂျိုနာကို အဖေ့ဆီ ဖုန်းပေးခိုင်းပြီး ဆမ်နဲ့ ဆွေးနွေးစကားပြောဖြစ်သွားတယ်။ Tom Hanks အဓိကပါဝင်ထားတဲ့ အချစ်၊ ဒရာမာနဲ့ ဟာသရောစပ်ထားတဲ့ ဇာတ်ကားဖြစ်ပြီး အော်စကာဆုနှစ်ဆုအတွက် ဆန်ကာတင်စာရင်း ဝင်ခဲ့သလို တခြားဆုတွေလည်း ရရှိခဲ့ပါတယ်။ မူရင်းအညွှန်းမှာ ဇာတ်ကားထဲက သီချင်းတွေကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။
ဇာတ်ကားကြည့်ရန်