This Is Not a Test (2026) ++++++++ "This Is Not a Test" (2025) က Courtney Summers ရဲ့ နာမည်ကြီး လူငယ်သည်းထိတ်ရင်ဖို ဝတ္ထုကို ပြန်ရိုက်ထားတာဖြစ်ပြီး၊ ပုံမှန် ဇွန်ဘီကားတွေနဲ့မတူဘဲ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကို ပိုဦးစားပေးထားတဲ့ ကားကောင်းတစ်ကားပါ။ ဇာတ်လိုက်က Sloane ဆိုတဲ့ ကောင်မလေးပါ။ သူ့ဘဝက တကယ်တော့ ဇွန်ဘီတွေ မလာခင်ကတည်းက အမှောင်ကျနေတာ။ အဖေဖြစ်သူရဲ့ နှိပ်စက်မှုကို ခံနေရသလို၊ အားကိုးရတဲ့ အစ်မဖြစ်သူကလည်း သူ့ကိုထားပြီး အိမ်ကနေ ထွက်သွားခဲ့ပါတယ်။ Sloane အတွက်တော့ သူ့ဘဝက ရှင်သန်ချင်စိတ်တောင် မရှိတော့တဲ့ အခြေအနေပေါ့။ တစ်နေ့တော့ သူတို့နေတဲ့ မြို့လေးမှာ ဇွန်ဘီကပ်ဆိုးကြီး စဖြစ်ပါလေရော။ ဒါပေမဲ့ ဒီကားထဲက ဇွန်ဘီတွေက ပုံမှန်ကားတွေလို ဖြည်းဖြည်းလျှောက်တာမဟုတ်ဘဲ "28 Days Later" ထဲကလို တအားမြန်ပြီး ကြောက်ဖို့ကောင်းတာ။ မြို့ထဲမှာ ပရမ်းပတာတွေ ဖြစ်ကုန်ချိန်မှာ Sloane က သူ့ကျောင်းနေဖက် ၅ ယောက်နဲ့အတူ သူတို့တက်ခဲ့တဲ့ Cortege High School ထဲမှာ သွားပုန်းနေခဲ့ကြပါတယ်။ သူတို့ ကျောင်းထဲမှာ ဘယ်လိုရှင်သန်မလဲလို့ ကြံစည်နေတုန်း၊ အရင်ကတည်းက သံသယဖြစ်စရာကောင်းတဲ့ သူတို့ရဲ့ ဆရာ Mr. Baxter ကို သေနတ်တစ်လက်နဲ့အတူ ကျောင်းထဲမှာ သွားတွေ့ကြတယ်။ အဲဒီမှာတင် "အပြင်က ဇွန်ဘီတွေက ပိုကြောက်ဖို့ကောင်းလား၊ အထဲက လူတွေက ပိုကြောက်ဖို့ကောင်းလား" ဆိုတဲ့ အားပြိုင်မှုတွေ စလာပါတော့တယ်။ ဒီကားရဲ့ ထူးခြားချက်က Sloane ရဲ့ စိတ်အခြေအနေပါ။ သူက သေချင်နေတဲ့သူဆိုတော့ ဇွန်ဘီတွေကြားမှာလည်း ဘာမှမကြောက်တော့ဘူး။ ဒါပေမဲ့ ကျောင်းထဲမှာ သူငယ်ချင်းတွေနဲ့ အတူတူ ဖြတ်သန်းရင်း၊ တစ်ယောက်ကိုတစ်ယောက် ကူညီရင်းနဲ့မှ "ငါ တကယ်ပဲ သေချင်တာလား၊ ဒါမှမဟုတ် ရှင်သန်ဖို့ အကြောင်းပြချက် တစ်ခုခုများ ရှိနေသေးလား" ဆိုတာကို ပြန်စဉ်းစားလာရတယ်။ ဒီကားက သွေးထွက်သံယိုတွေ၊ ဇိုမ်ဘီတွေကို ခေါင်းရိုက်ခွဲတာတွေ ပါသလိုပဲ၊ လူငယ်တွေရဲ့ စိတ်ဒဏ်ရာ (Trauma) နဲ့ ရှင်သန်လိုစိတ်အကြောင်းကို သေချာပုံဖော်ထားတာပါ။ ဇွန်ဘီကား ကြိုက်တဲ့သူတွေရော၊ Drama ကား ကြိုက်တဲ့ သူတွေအတွက်ပါ ကြည့်သင့်တဲ့ ကားတစ်ကား ဖြစ်ပါတယ်။ File Size… (969MB) / (650MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 43m Genre ….Horror , Thriller Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်