★ 6.0
ဇာတ်ကား / 2022Destined at Christmas
အမေရိကန်မှာ ကျေးဇူးတော်နေ့ပြီးတဲ့ သောကြာနေ့ကို Black Friday လို့ ခေါ်ကြပါတယ်။ ခရစ္စမတ်အတွက် ဈေးဝယ်ရာသီအစလို့ သတ်မှတ်ကြပြီး ဆိုင်တွေကလည်း ဈေးလျှော့ရောင်းကြတဲ့ နေ့ပါ။ အဲဒီနေ့ မနက်အစောပိုင်းမှာ ကလေးအဖေတစ်ခုလပ် Theo Hall နဲ့ ရည်းစားဟောင်းနဲ့ လမ်းခွဲထားတာ လပိုင်းပဲရှိသေးတဲ့ Kim Fenech တို့ ဆုံမိကြတယ်။ တစ်မနက်လုံး စကားတွေပြောရင်း တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ်တွယ်လာကြပေမယ့် စတိုးဆိုင်တစ်ဆိုင်ထဲ ဝင်တဲ့အချိန် မီးပျက်သွားရာကနေ လူချင်းကွဲသွားကြပါတယ်။ တစ်ယောက်ကိုတစ်ယောက် Kim နဲ့ Theo ဆိုတဲ့ နာမည်အစလေးတွေပဲ သိထားကြတာပါ။ အဲဒီလောက်ပဲ သိထားတဲ့ အချက်အလက်နဲ့ ပြန်တွေ့ဖို့ ကြိုးစားကြတဲ့အခါ ဘယ်လိုတွေ ဖြစ်လာမလဲ၊ သူတို့ရဲ့ အချစ်ခရီးကရော ဖြောင့်ဖြူးနိုင်ပါ့မလား။
ဇာတ်ကားကြည့်ရန်