အဖေမရှိတော့တဲ့ အယ်လ်မာနဲ့ သူ့အမေ ဒဲလာတို့ဟာ နယ်မြို့လေးတစ်မြို့မှာ စတိုးဆိုင်ဖွင့်ပြီး အသက်မွေးနေကြပါတယ်။ စီးပွားရေးကျလာတဲ့အခါ သားအမိနှစ်ယောက် မြို့ပေါ်ကို ပြောင်းလာရတယ်။ အယ်လ်မာက အရင်လို ဆိုင်လေးတစ်ဆိုင် ပြန်ဖွင့်ပြီး အမေ့ကို မပူမပင် နေစေချင်တဲ့ ရည်မှန်းချက်ရှိပါတယ်။ ဒါပေမဲ့ အခက်အခဲတွေကြားမှာ တစ်နေ့တော့ အမေနဲ့ စကားများပြီး အိမ်ကနေ ထွက်သွားတယ်။ အဲဒီအချိန်မှာ စကားပြောတတ်တဲ့ ကြောင်လေးတစ်ကောင် သူ့အနားကို ရောက်လာပြီး ကူညီပေးမယ်လို့ ပြောလာပါတယ်။ ကြောင်လေးက ကျွန်းတစ်ကျွန်းပေါ်မှာရှိတဲ့ နဂါးတစ်ကောင်ကို သွားကယ်ခိုင်းတာပါ။ အယ်လ်မာ ဘယ်လိုစွန့်စားခန်းတွေ ကြုံရမလဲ၊ အမေ့အတွက် သူဖြစ်ချင်တဲ့ အိပ်မက်လေးကိုရော အကောင်အထည်ဖော်နိုင်ပါ့မလား။ ၁၉၄၈ ခုနှစ်က ထုတ်ဝေခဲ့တဲ့ ဝတ္ထုကို အခြေခံထားတဲ့ Netflix အန်နီမေးရှင်းဇာတ်ကားဖြစ်ပြီး Luca ထဲက လူကာအဖြစ် အသံသရုပ်ဆောင်ခဲ့တဲ့ Jacob Tremblay နဲ့ Stranger Things ထဲက ဒက်စ်တင်အဖြစ် သရုပ်ဆောင်သူတို့ ပါဝင်အသံသရုပ်ဆောင်ထားပါတယ်။
ဇာတ်ကားကြည့်ရန်