★ 5.9
ဇာတ်ကား / 2000Psycho Beach Party
၂၀၀၀ ခုနှစ်ထွက် Psycho Beach Party က ကမ်းခြေပါတီတစ်ခုမှာ ဖြစ်ပွားတဲ့ လူသတ်မှုတွေကို ဟာသနဲ့ ရောစပ်ထားတဲ့ ဇာတ်ကားပါ။ အသက် ၁၇ နှစ်အရွယ် ဖလော်ရန့်စ်ဟာ သူနဲ့ရွယ်တူ ကောင်မလေးတွေ လူကြီးစိတ်ဝင်လာကြတာကို စိတ်ပျက်နေသူဖြစ်ပါတယ်။ တစ်နေ့ ကမ်းခြေမှာ ရေလွှာလျှောစီးနေသူတွေကို တွေ့ပြီး သူလည်း စီးချင်လာတယ်။ ရေလွှာလျှောစီးတဲ့ ကောင်လေးတွေက သူ့ကို ကြက်ပေါက်လို့ နာမည်ပေးလိုက်ရာက အဲဒီအမည် တွင်သွားပါတယ်။ ကြက်ပေါက်မှာ စိတ်ကျန်းမာရေးပြဿနာတစ်ခုရှိပြီး တစ်ခါတလေ အန်နီဘိုးမန်းဆိုတဲ့ လူတစ်ယောက်အဖြစ် ပြောင်းလဲသွားတတ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကမ်းခြေမှာ လူသတ်မှုတွေ တစ်ခုပြီးတစ်ခု ဖြစ်လာတော့ အသိစိတ်လွတ်နေချိန်က ကြက်ပေါက်ရဲ့ လက်ချက်ဖြစ်နိုင်မလားဆိုတဲ့ သံသယ ဝင်လာတယ်။ ဒါမှမဟုတ် လူသတ်သမားက တခြားတစ်ယောက် ဖြစ်နေဦးမလားဆိုတာ မသိရသေးပါဘူး။
ဇာတ်ကားကြည့်ရန်