To Kill a Mockingbird ဟာ စာရေးဆရာမ Harper Lee ရဲ့ 1960 ဝန်းကျင် လူ့အခွင့်အရေးလှုပ်ရှားမှုများကြားထဲမှာ ထုတ်ဝေခဲ့ပြီး၊ နှစ်ပေါင်းများစွာ အညွှန်းအများဆုံး၊ စာဖတ်သူ အများဆုံးဖြစ်ခဲ့တဲ့ စာအုပ်တအုပ်ပါ။ စာအုပ်စာပေတွေ ရုပ်ရှင်တွေနဲ့ ရင်းနှီးတဲ့ လူတယောက် ဆိုရင် ဒီစာအုပ် ဒီရုပ်ရှင်ကို တချိန်ချိန် တနေနေရာမှာ တယောက်ယောက် ပြောတာဖြစ်ဖြစ်၊ ညွှန်းတာဖြစ်ဖြစ်ကိုကြားဖူးကြမှာပါ။ ဒီမူရင်းစာအုပ်ကို စတင်ထုတ်ဝေတုန်းက၉၅ ပတ်ကြာမျှ အရောင်းရဆုံးမှတ်တိုင် ထူခဲ့သည့်အပြင် ၁၉၈၂ ခုနှစ်ထိ အုပ်ရေ ၁၅ သန်း ရိုက်နှိပ်ခဲ့ရပြီး ဘာသာပေါင်းများစွာ ပြန်ဆိုခဲ့ရသည့်စာအုပ်တစ်အုပ်ဖြစ်ပါသည်။ ကမ္ဘာပေါ်က အဖတ်သင့်ဆုံး ဂန္တဝင် စာအုပ် အုပ် ၁၀၀ ထဲကိုလည်း ပါခဲ့ပြီး စာရေးဆရာမကလည်း ပူလစ်ဇာ ဆုကို ဒီစာအုပ်နဲ့ပဲရခဲ့ပါတယ်။ ဒီစာအုပ်ကို မြန်မာဘာသာပြန်အနေနဲ့ "တောင်ပံမဲ့ သင်းကွဲတေးဆိုငှက်ငယ်" အမည်နဲ့ စာရေးဆရာတင်မောင်မြင့်ဘာသာပြန်ဆိုတော့လည်း ၂၀၀၄ ခုနှစ်ရဲ့ အကောင်းဆုံးအမျိူးသားဘာသာပြန်(ရသ) ဆုကို ရခဲ့ပါတယ်။ စာအုပ်ကအောင်မြင်လို့ ဒီ To Kill a Mockingbird ကို ရုပ်ရှင်ပြန်ရိုက်တဲ့အခါမှာလည်း အကောင်းဆုံး အဓိက ဇာတ်ဆောင်ဆု၊ အကောင်းဆုံး ဇာတ်ညွှန်းဆု နဲ့ အကယ်ဒမီဆု ၃ ဆု အပြင်တခြားသော ရွှေကမ္ဘာလုံးဆုတွေကိုရခဲ့ပြီး တော်တော်ကြီးအောင်မြင်ခဲ့ပါတယ်။ ပြောရရင် ဒီစာအုပ်က ထိတိုင်း ရွှေဖြစ်တဲ့စာအုပ်လို့တောင် ပြောလို့ရပါတယ်။ ဒီဇာတ်ကားက သူ့ခေတ်သူ့အခါမှဖြစ်ခဲ့တဲ့ လူမည်းမုန်းတီးရေးနဲ့ လူမျိုးရေးခွဲခြားမှု ပြဿနာကို ကွက်ကွက်ကွင်းကွင်းကြီးမြင်သာအောင်ပြနိုင်ခဲ့ပြီးလူမှုပတ်ဝန်းကျင်က လူမည်းတွေအပေါ် အမြင်နဲ့ တရားစီရင်ရေး ကိစ္စမှာလည်း လူမည်းတွေကို မျက်နှာသာမပေးပဲ လူမည်းဆိုရင် အကျင့်ပျက်ယုတ်မာတယ်လို့မြင်တဲ့ လူ့အသိုင်းအဝိုင်းကြီးကြားမှာ ရှေ့နေ့ အာတီကက်စ်နဲ့ သူ့ရဲ့ ကလေးနှစ်ယောက်ဖြစ်တဲ့ ဂျင်မ် နဲ့ စကောက်တို့ တွေ့ကြုံရပုံတွေကို စကောက်ရဲ့ အမြင်ကနေ ပြထားပါတယ်။ ဒီမှာတေးဆိုငှက်ဆိုတွေကို"သူတို့က လူသားတွေ နားသောတဆင်ဖို့တေးသီပေးတယ်။ ငါတို့ရဲ့ အပင်တွေကို ကိုက်ဖြတ်မစားဘူး။ တံစပ်မိတ်မှာ အသိုက်လာမဆောက်ဘူး။အပြစ်ဆိုတာ ဘာတစ်ခုမှ မလုပ်ဘဲ၊ ရင်နင့်အောင်တေးသီပေးနေတဲ့ ငှက်လေးကို သတ်မိရင် ငရဲလားမယ်ကွ။" ဆိုပြီးတော့ တေးဆိုငှက်တွေကို လူမည်းတွေရဲ့ အဲ့ဒီခေတ်က မတရားခံနေရပုံကိုမြင်ရအောင်ဥပမာပေးထားပါတယ်။ တေးဆိုငှက်တွေက အပြစ်ကင်းစင်တယ်။ အားနည်းသူကို ကာကွယ်ပေးချင်တယ်။ သူတို့ကိုယ်တိုင်ကကျတော့ သူတစ်ကာရဲ့ အနိုင်ကျင့်မှု၊ မတရားမှုကို ခံနေရတယ်။ ဒီအထဲက ကလေးသရုပ်ဆောင် နှစ်ယောက်ကလည်း ချစ်ဖို့ကောင်းပြီး စာအုပ်ထဲက ကလေးတွေရဲ့ အပြစ်ကင်းစင်မှု ပတ်ဝန်းကျင်ရဲ့ နှားခေါင်းရှုံ့မှုကို ကလေးပီပီ မခံနိုင်တာတွေ အဖေဖြစ်သူက သားသမီးတွေကို လူမည်းမုန်းတီးရေး အမြင်တွေကို မပါအောင်ဆုံးမမှုတွေနဲ့ ရင်နင့်စရာ အဖြစ်အပျက်တွေကို စိတ်ဝင်တစားကြည့်ရှုရမှာပါ။ ဘာသာပြန်ကိုလည်း မြန်မာဘာသာပြန်စာအုပ်ကို ဖတ်ပြီးတော့ အတတ်နိုင်ဆုံးအဆင်ပြေအောင်ပြန်ပေးထားပါတယ်။ To Kill a Mockingbird က မူရင်းစာအုပ် ဘာသာပြန်စာအုပ် ရုပ်ရှင် တွေအကုန်လုံးမှာ အောင်မြင်ခဲ့ပြီး မကြည့်ရသေး မသိရသေးရင် ကြည့်ကိုကြည့်သင့်တဲ့ ဂန္တဝင်ရုပ်ရှင်တကားဖြစ်ပါတယ်။ File size… 2.5 GB / 1.26 GB Quality… Blu ray 1080p / 720p Format… mp4 Duration…. 2h 9m Genre ..... Drama / Family Subtitle…. Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်