Roommates (2026) IMDb Rating (5.7) အဆောင်နေဖူးသူတိုင်း ကြုံတွေ့ရလေ့ရှိတဲ့ အခန်းဖော်ချင်း အဆင်မပြေမှုတွေ "Roommate အလွဲ" ကို အခြေခံပြီး ရိုက်ကူးထားတဲ့ Dark Comedy / Thriller ကားကောင်းတစ်ကား ဖြစ်ပါတယ်။ The Fabelmans ထဲက Chloe East နဲ့ အဒမ်ဆန်းဒလာရဲ့ သမီးဖြစ်သူ Sadie Sandler တို့ရဲ့ အားပြိုင်မှုကို မြင်တွေ့ရမှာပါ။ ဇာတ်လမ်းကတော့ ရိုးသားဖြူစင်ပြီး မျှော်လင့်ချက်တွေ အပြည့်ရှိနေတဲ့ ကောလိပ်ကျောင်းသူအသစ်လေး Devon (Sadie Sandler) အကြောင်းပါ။ သူမဟာ ကျောင်းမှာ လူချစ်လူခင်များပြီး စတိုင်ကျတဲ့ Celeste (Chloe East) ကို အခန်းဖော်အဖြစ် နေထိုင်ဖို့ တောင်းဆိုခဲ့ပါတယ်။ အစပိုင်းမှာတော့ သူတို့နှစ်ယောက်ရဲ့ သူငယ်ချင်းသံယောဇဉ်က ခိုင်မာစပြုလာခဲ့ပေမဲ့၊ မကြာခင်မှာပဲ တစ်ယောက်နဲ့တစ်ယောက်အပေါ် ထားရှိတဲ့ အမြင်တွေက စတင်ပြောင်းလဲလာပါတော့တယ်။ သာမန် စကားများရုံတင် မဟုတ်ဘဲ တစ်ဖက်လူကို စိတ်ပိုင်းဆိုင်ရာအရ နှိပ်စက်တဲ့ Passive Aggression (မသိမသာ ရန်မူခြင်း) တွေ စတင်လာတဲ့အခါမှာတော့ သူတို့ရဲ့ ဆက်ဆံရေးဟာ ထိန်းမနိုင်သိမ်းမရ ဖြစ်လာပုံကိုရိုက်ပြထားတဲ့ ကျောင်းသားဘဝဒရမ်မာကားကောင်းလေးဖြစ်ပါတယ်။ File size… (7.4 GB) / (2.6 GB) / (1.4 GB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy Duration…. 01:47:42 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်