★ 7.2
ဇာတ်ကား / 2023Rye Lane
လန်ဒန်မြို့တောင်ဘက်ခြမ်းက လမ်းမတွေပေါ်မှာ အသည်းကွဲနေတဲ့ ဒွန်မ်နဲ့ လမ်းခွဲပြီးစ ရာ့စ်တို့ ဆုံကြပါတယ်။ ဒွန်မ်က ရှက်တတ်သူဖြစ်ပြီး ရာ့စ်ကတော့ တက်တက်ကြွကြွ နေတတ်သူပါ။ အကျင့်စရိုက်ချင်း မတူကြပေမယ့် အချစ်ရေးမှာ နာကျင်ထားကြတဲ့ သူတို့နှစ်ယောက်ဟာ အချင်းချင်း နှစ်သိမ့်ပေးရင်း၊ ကြုံနေရတဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးရင်း နီးစပ်လာကြတယ်။ အဲဒီလို နားလည်မှုရလာရာကနေ တစ်ယောက်အပေါ်တစ်ယောက် ချစ်စိတ်ဝင်လာကြပုံကို ဟာသတွေ၊ အလွဲတွေနဲ့ တွဲဖော်ထားတဲ့ အချစ်ဟာသဇာတ်ကားပါ။ တစ်ချိန်ချိန်၊ တစ်နေရာရာမှာ ကိုယ်နဲ့ လိုက်ဖက်မယ့်သူကို တွေ့နိုင်သေးတယ်ဆိုတဲ့ မျှော်လင့်ချက်လေးလည်း ပေးထားပါတယ်။
ဇာတ်ကားကြည့်ရန်