အင်္ဂလန်ဘုရင်နဲ့ ဘုရင်မတို့ နယ်လှည့်ခရီးထွက်ရင်း ဒေါင်းတွန်ကို လာမယ်ဆိုတဲ့သတင်းကြောင့် တစ်နယ်လုံး ဝမ်းသာဂုဏ်ယူနေကြပါတယ်။ အထူးသဖြင့် ဘုရင်နဲ့ ဘုရင်မတို့ တည်းခိုမယ့် မြို့စားအိမ်က အလုပ်သမားတွေက ပိုလို့တောင် စိတ်လှုပ်ရှားနေကြတယ်။ အနီးကပ်တွေ့ခွင့်ရသလို ကိုယ်တိုင် အလုပ်အကျွေးပြုခွင့်လည်း ရတော့မယ်လို့ မျှော်လင့်ထားကြတာပါ။ ဒါပေမယ့် နန်းတော်ဘက်က အစေခံတွေ၊ အိမ်တော်ထိန်းတွေနဲ့ စားဖိုမှူးတွေ အကုန်လိုက်လာပြီး အိမ်မှာရှိသမျှကိစ္စကို သူတို့ပဲ စီမံကြမယ်ဆိုတာ သိလိုက်ရတော့ မျှော်လင့်ထားသလို မဖြစ်တော့ဘူး။ ကိုယ့်အိမ်မှာ ကိုယ်တိုင်ဧည့်ခံခွင့်ရဖို့ အိမ်ကအလုပ်သမားတွေ ဘယ်လိုတုံ့ပြန်ကြမလဲဆိုတာ စောင့်ကြည့်ရပါတော့မယ်။ တစ်ဖက်မှာလည်း ဒေါင်းတွန်ကို အုပ်စိုးနေတဲ့ မိသားစုရဲ့ အဖွားကြီးနဲ့ မိသားစုထဲကနေ ခွဲထွက်သွားပြီး ဘုရင်မနားမှာ အထိန်းတော်လုပ်နေသူတို့ကြား အမွေကိစ္စ အငြင်းပွားမှုတွေ ရှိနေတယ်။ မိသားစုဝင်တွေဆီမှာလည်း တစ်ယောက်တစ်မျိုး ကိုယ့်အကြောင်းနဲ့ကိုယ် ရှိကြသေးတယ်။ ကွန်မြူနစ်ဝါဒီတွေနဲ့ ဘုရင်ကို လုပ်ကြံဖို့ ရည်ရွယ်သူပါ ပေါ်လာတဲ့အခါ ဒီခရီးစဉ်အတွက် ဘာတွေထပ်ကြုံလာရဦးမလဲ။ Maggie Smith ပါဝင်သရုပ်ဆောင်ထားပြီး မိသားစုအကြောင်းတွေနဲ့အတူ ဟာသလည်း ရောယှက်ထားပါတယ်။
ဇာတ်ကားကြည့်ရန်