မိဘဖြစ်လာဖို့ ပြင်ဆင်နေကြတဲ့ စုံတွဲငါးတွဲမှာ တစ်တွဲနဲ့တစ်တွဲ အခြေအနေချင်း မတူကြပါဘူး။ ကိုယ်ဝန်ဆောင်တာ၊ ကလေးမွေးတာနဲ့အတူ ကိုယ်ရောစိတ်ပါ ပြောင်းလဲဖို့ လိုလာတဲ့အခါ သူတို့စီစဉ်ထားသမျှကလည်း ထင်သလို ဖြစ်မလာကြတော့ဘူး။ Lose it and weep ရှိုးရဲ့ နည်းပြ ဂျူးလ်စ်ဘက်စ်တာနဲ့ နာမည်ကြီးအကသမား အက်ဗန်ဝက်ဘာတို့က အကပြိုင်ပွဲတစ်ခုမှာ အတူယှဉ်ပြိုင်ကြရင်း မမျှော်လင့်ဘဲ ကိုယ်ဝန်ရလာတာကြောင့် ကလေးအတွက် ပြင်ဆင်နေကြပါတယ်။ ကလေးစာအုပ်တွေရေးတဲ့ ဝင်ဒီနဲ့ ဂယ်ရီကူးပါးတို့ကတော့ ကလေးယူဖို့ နှစ်နဲ့ချီ ကြိုးစားခဲ့ကြသူတွေပါ။ ကလေးချစ်တတ်တဲ့ ဝင်ဒီဟာ နောက်ဆုံးမှာ ကိုယ်ဝန်ရလာပေမယ့် ကိုယ်တိုင်ကြုံရတဲ့အခါ သူထင်ထားသလောက် မလွယ်မှန်း သိလာရတယ်။ ဂယ်ရီ့အဖေ ရမ်ဆီကူးပါးက ပြိုင်ကားမောင်းသမားတစ်ယောက်ဖြစ်ပြီး သားနဲ့ နေရာတကာ လိုက်ပြိုင်နေတတ်သူပါ။ သူ့ရဲ့အသက်ငယ်ငယ်ဇနီး စကိုင်လာက အမွှာကိုယ်ဝန်လွယ်ထားရတော့ ဒီတစ်ခါလည်း သားထက် နှာတစ်ဖျားသာပြီဆိုပြီး ဂုဏ်ယူနေပါတယ်။ ဟော်လီနဲ့ အဲလက်စ်တို့ကျတော့ ကိုယ်ဝန်မဆောင်နိုင်လို့ ကလေးမွေးစားဖို့ ကြိုးစားနေကြတာပါ။ ဟော်လီက ကလေးအရမ်းလိုချင်နေသလောက် အဲလက်စ်ကတော့ မိဘဖြစ်ဖို့ မသေချာသေးဘဲ စိုးရိမ်စိတ်တွေ များနေတယ်။ ရိုစီနဲ့ မာကိုတို့မှာတော့ ကျောင်းသားဘဝကတည်းက မကျေလည်ခဲ့တာတွေ ရှိပါတယ်။ မာကိုက အထက်တန်းကျောင်းတုန်းက ရိုစီရဲ့အချစ်ကို ကစားခဲ့ဖူးပြီး အခုလည်း စီးပွားရေးပြိုင်ဘက်တွေဖြစ်လို့ ရန်စောင်နေကြတုန်းပါ။ မိဘဖြစ်ဖို့ ပြင်ဆင်နေတဲ့ ဒီစုံတွဲတွေရဲ့ဘဝထဲ မထင်မှတ်တာတွေ ဝင်လာတဲ့အခါ အစီအစဉ်တွေလွဲပြီး ကမောက်ကမဖြစ်ကြပုံကို ဟာသနဲ့ ရောနှောတင်ဆက်ထားပါတယ်။
ဇာတ်ကားကြည့်ရန်