ဆုန်မင်းဆက်ခေတ်ကို နောက်ခံထားပြီး စစ်ဘက်မှာ သစ္စာရှိကြောင်း ဂုဏ်သတင်းကြီးမားတဲ့ ယန်းမိသားစုဝင် တပ်မှူးကြီးနဲ့ သား ၇ ယောက်တို့ဟာ သစ္စာဖောက် ဗိုလ်ချုပ်ကြီးတစ်ဦးရဲ့ ပရိယာယ်ကြောင့် ရန်သူတွေရဲ့ ပိတ်ဆို့တိုက်ခိုက်ခြင်းကို ခံရပါတော့တယ် အဲဒီစစ်ပွဲအတွင်းမှာ ယန်းမိသားစုဝင် အများအပြား ကျဆုံးသွားခဲ့ပြီး ဆဋ္ဌမမြောက်သား လျှိုလန်ကတော့ စိတ်ဖောက်ပြန်သွားပြီး ပဉ္စမမြောက်သား ယန်ဝူလန် ကတော့ အသက်ဘေးမှ သီသီလေး လွတ်မြောက်သွားခဲ့ပါတယ်။ မိသားစုတစ်စုလုံး မတရားသဖြင့် လုပ်ကြံခံလိုက်ရတဲ့အတွက် ပြင်းထန်တဲ့ နာကြည်းချက်၊ သွေးကြွေးနဲ့အတူ ယန်ဝူလန် ဟာ ဝူထောင်တောင်ပေါ်က ချင်းလျန်ကျောင်းကို ရောက်ရှိသွားခဲ့ပါတယ်။ သူ့စိတ်ထဲမှာ လက်စားချေချင်စိတ်တွေ ဝါးမျိုထားပေမဲ့ ချင်းလျန်ကျောင်းရဲ့ ဗုဒ္ဓတရားတော်နဲ့ တိုက်ခိုက်ရေးမူဝါဒအရ ဓားနဲ့ လက်နက်ထက် စိတ်ကို ထိန်းချုပ်နိုင်တဲ့ "ဝံပုလွေစွယ်တုတ်သိုင်း" ကိုသာ သင်ယူလေ့ကျင့်ခွင့် ရရှိခဲ့ပါတယ်။ သူ့ရဲ့ နာကြည်းချက်တွေ၊ ကလဲ့စားချေချင်တဲ့စိတ်တွေကို ထိန်းချုပ်ပြီး တုတ်သိုင်းရဲ့ အဓိပ္ပာယ်ကို နားလည်အောင် ကြိုးစားရင်း တစ်ဖက်မှာလည်း မိသားစုအတွက် မတရားမှုကို ပြန်လည်ရင်ဆိုင်ဖို ပြင်ဆင်ရတဲ့အခါ...
ဇာတ်ကားကြည့်ရန်