One Last Deal (2026) ++++++++++ Sky Cinema မှာ အသစ်စက်စက် ကြည့်လို့ရနေပြီဖြစ်တဲ့ ၂၀၂၆ ခုနှစ်ထွက် "One Last Deal" ဆိုတဲ့ Thriller ဇာတ်ကားက ဗြိတိန်မင်းသားကြီး Danny Dyer အဓိက ပါဝင်သရုပ်ဆောင်ထားပြီး၊ အခန်းတစ်ခန်းတည်းမှာပဲ ဖုန်းအဆက်အသွယ်တွေနဲ့ ဇာတ်ရှိန်ကို ဆွဲတင်သွားတဲ့ ဇာတ်လမ်းပုံစံမျိုးပါ။ Jimmy Banks (Danny Dyer) ဟာ ခေတ်ဟောင်း ဘောလုံးအေးဂျင့် တစ်ယောက်ပါ။ သူက အောင်မြင်မှု ကျဆင်းနေပြီဖြစ်တဲ့ သူ့ရဲ့ နာမည်ကျော် ဘောလုံးသမားအတွက် နောက်ဆုံးအနေနဲ့ တန်ကြေးကြီး စာချုပ်တစ်ခု ချုပ်ဆိုနိုင်ဖို့ အချိန်နဲ့အမျှ အပြိုင်ကြိုးစားနေရပါတယ်။ ဒါပေမဲ့ ပြဿနာက အဲဒီလောက်နဲ့ မပြီးပါဘူး။ သူ့ရဲ့ ကစားသမားက တရားရုံးရဲ့ အရေးကြီးတဲ့ အဆုံးအဖြတ်ကို စောင့်နေရသလို၊ Jimmy ကိုယ်တိုင်ကလည်း ငွေညှစ်ခြိမ်းခြောက်သူတစ်ယောက်ရဲ့ ဖိအားပေးမှုကို အပြင်းအထန် ခံနေရပါတယ်။ ဒီတော့ Jimmy တစ်ယောက် သူ့အလုပ်နဲ့ အသက်အန္တရာယ်ကို ကယ်တင်နိုင်ဖို့အတွက် ရုံးခန်းတစ်ခုထဲကနေ ဖုန်းတွေ ဆက်တိုက်ပြောရင်း ဘယ်လိုတွေ ရင်တမမ ဖြေရှင်းသွားရမလဲ ဆိုတာကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီကားရဲ့ အထူးခြားဆုံးကတော့ ဇာတ်ကားတစ်ကားလုံးမှာ မြင်ကွင်းထဲ ပါဝင်သရုပ်ဆောင်ထားတာဆိုလို့ မင်းသား Danny Dyer တစ်ယောက်တည်းပဲ ရှိတာပါ။ ကျန်တဲ့ Elliott Rogers တို့၊ Carlos Bardem တို့ဆိုတဲ့ သရုပ်ဆောင်တွေက ဖုန်းထဲက အသံအနေနဲ့ပဲ ပါဝင်ထားတာ ဖြစ်ပါတယ်။ ဒါရိုက်တာ Brendan Muldowney က ရိုက်ကူးထားပြီး ဇာတ်ညွှန်းကိုတော့ Peter Howlett က ရေးသားထားတာပါ။ နေရာတစ်ခုတည်းမှာပဲ သရုပ်ဆောင်တစ်ယောက်တည်းရဲ့ စွမ်းရည်နဲ့ တင်ဆက်သွားတဲ့ Thriller ဇာတ်ကားမျိုးတွေကို သဘောကျတယ်ဆိုရင်တော့ ဒီဇာတ်ကားလေးက စမ်းကြည့်သင့်တဲ့ ကားတစ်ကား ဖြစ်ပါတယ်နော်။ File Size… (801MB) (483MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…1h 29m Genre ….Thriller Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်