Dr. Seuss's the Sneetches (2025) +++++++++++++++ ဒီတစ်ခေါက် တင်ဆက်ပေးမှာကတော့ Animation ကားလေးပဲဖြစ်ပါတယ်... နာမည်ကျော် ရုပ်ပြတို့ရဲ့ ဖန်တီးရှင်ဖြစ်သူ Dr Seuss ရဲ့ ရုပ်ပြကာတွန်းကို ရုပ်ရှင်အနေနဲ့ တင်ဆက်ထားတဲ့ ကားလေးဖြစ်ပြီး IMDb အဆင့်သတ်မှတ်ချက်လည်း မနိမ့်တဲ့ Animation ကားလေးဖြစ်ပါတယ်.... ပင်လယ်ရေပတ်လည်ဝိုင်းလျက်ရှိတဲ့ ကျွန်းတစ်ကျွန်းဟာ စနိခ်ျများအခြေချနေထိုင်ကျက်စားရာ နေရာဖြစ်ပါတယ်.. သို့သော်လည်း စနိခ်ျများဟာ ကြယ်ဝမ်းဗိုက်စနိခ်ျနှင့် လဝမ်းဗိုက်စနိခ်ျဆိုပြီး မွေးရာပါ အမှတ်အသားများ ကွဲပြားနေကြရာ ပဋိပက္ခဖြစ်ပြီး နောက်ဆုံးမှာတော့ ကုန်းပေါ်နဲ့ ကုန်းအနီး ရေပေါ် ကျက်စားတဲ့ စနိခ်ျများအဖြစ် အဖွဲ့ ၂ ဖွဲ့ကွဲသွားပါတော့တယ်.. တစ်ဖွဲ့နဲ့တစ်ဖွဲ့ သူ့ထက်ငါ သာလွန်ကြောင်း မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းခဲ့ကြပြီး ကင်းရှင်းစွာ နေထိုင်ခဲ့ကြရာ ကြယ်ဝမ်းဗိုက်နဲ့ လဝမ်းဗိုက်တို့ဟာ အချင်းချင်း မမြင်ဖူး မဆက်ဆံဖူးခဲ့ကြပါဘူး.. တစ်နေ့မှာတော့ အပြောင်းအလဲများ တီထွင်ဖန်တီးမှုများကို စိတ်ဝင်စားသူ စနိခ်ျမလေးတစ်ကောင်ဟာ အခြားစနိခ်ျများအကြောင်း စူးစမ်းချင်စိတ်ဖြစ်လာပြီး ကုန်းမြေနှင့်ပင်လယ် ခြားထားသော ကန့်သတ် ကမ်းခြေဆီ ခိုးထွက်လာခဲ့ပြီး မမြင်ဖူးခဲ့တဲ့ အခြားစနိခ်ျမျိုးနွယ်ကို မြင်တွေ့ပြီးနောက်မှာတော့… ဒီ Animation ကားလေးဟာဆိုရင် မွေးရာပါမတူညီမှုများအပေါ် အခြေခံပြီး ခွဲခြားဆက်ဆံမှုများကို ရပ်တန့်ရန်နှင့် တစ်ဦးတစ်ယောက်ရဲ့ လုပ်ရပ်နှင့်အရည်အချင်းက အသိုင်းအဝိုင်းတစ်ခုလုံးကို ကိုယ်စားမပြုကြောင်း မီးမောင်းထိုးပြရန် တင်ဆက်ထားတာဖြစ်လို့ Animation ချစ်သူပရိသတ်များ ရွေးချယ်နိုင်ရန် တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ... File Size… (1.22GB) / (705MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…45m Genre …Adventure , Animation , Comedy , Family , Musical Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်