ငယ်ငယ်က တီဗီရှေ့မှာ ထိုင်ပြီး ကြည့်ခဲ့ရတဲ့ Malcolm in the Middle ဇာတ်လမ်းတွဲကြီး အနှစ် ၂၀ အကြာမှာ ပြန်လာပြီဆိုတော့ အားလုံးပဲ ရင်ခုန်နေကြမယ်ထင်ပါတယ်။ ဒီနေ့ပဲ မှာ Hulu နဲ့ Disney+ ကနေ ထွက်ရှိလာတဲ့ Malcolm in the Middle: Life's Still Unfair ဟာ အပိုင်း (၄) ပိုင်းတည်းပါတဲ့ Miniseries လေး ဖြစ်ပေမယ့်၊ ငယ်ဘဝအမှတ်တရတွေကို အကောင်းဆုံး ပြန်လည်အသက်သွင်းပေးသွားနိုင်ပါတယ်။ များသောအားဖြင့် နာမည်ကြီး ဇာတ်လမ်းတွဲဟောင်းတွေကို ပြန်ရိုက်တဲ့အခါ (Reboot/Revival) အရင်လောက် အရသာမတွေ့တော့ဘဲ ပျင်းစရာကောင်းသွားတာ များပါတယ်။ ဒါပေမယ့် ဝေဖန်ရေးဆရာတွေဆီကနေ Rotten Tomatoes မှာ 81% အထိ ရရှိထားတဲ့ ဒီကားကတော့ တကယ့်ကို ခြွင်းချက်ပါပဲ။ ဒီတစ်ခေါက်မှာတော့ Malcolm က ကလေးမဟုတ်တော့ပါဘူး။ သူကိုယ်တိုင်က ဆယ်ကျော်သက်သမီးလေး (Leah) ကို ပြုစုပျိုးထောင်နေတဲ့ ဖခင်တစ်ယောက်ဖြစ်နေပြီဖြစ်သလို၊ ချစ်သူ Tristan နဲ့အတူ ပုံမှန်အေးချမ်းတဲ့ဘဝလေးကို တည်ဆောက်ထားပါတယ်။ သူ့ရဲ့ ရှုပ်ယှက်ခတ်နေတဲ့ မိသားစု (အထူးသဖြင့် အမေ Lois ရဲ့ လွှမ်းမိုးချုပ်ကိုင်မှု) တွေကြောင့် စိတ်ဒဏ်ရာရခဲ့လို့ ဝေးရာမှာ ဆယ်စုနှစ်တစ်ခုလောက် အဆက်အသွယ်ဖြတ်ပြီး နေလာခဲ့တာပါ။ ဒါပေမယ့် အဖေနဲ့အမေ (Hal နဲ့ Lois) တို့ရဲ့ အနှစ် ၄၀ ပြည့် မင်္ဂလာနှစ်ပတ်လည်ပွဲကို မဖြစ်မနေ ပြန်လာရဖို့ အကြောင်းဖန်လာတဲ့အခါ... ရှောင်ပြေးနေခဲ့တဲ့ မိသားစု ပြဿနာဟောင်းတွေ၊ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေ အကုန်ပြန်ပေါ်လာပါတော့တယ်။ Reese (Justin Berfield) နဲ့ Francis (Christopher Masterson) တို့ ညီအစ်ကိုတွေအပြင်၊ မိသားစုဝင်အသစ်ဖြစ်တဲ့ ဉာဏ်ကောင်းလွန်းတဲ့ Nonbinary ဆယ်ကျော်သက် Kelly (Vaughan Murrae) ဆိုတဲ့ ဇာတ်ကောင်သစ်လည်း ထပ်တိုးပါဝင်လာပါတယ်။ ဒီကားရဲ့ အသက်က မိသားစုသံယောဇဉ်နဲ့ ပဋိပက္ခတွေကို ပကတိအတိုင်း တင်ဆက်ထားတာ ပါပဲ။ မိသားစုဆိုတာ ရှောင်ပြေးချင်တိုင်း ပြေးလို့မရတဲ့အရာ၊ နားလည်မှုလွဲတာတွေ ဘယ်လောက်ပဲရှိရှိ နောက်ဆုံးတော့ မိသားစုက မိသားစုပဲဆိုတဲ့ အချက်ကို ရယ်စရာ ဟာသတွေ၊ စိတ်လှုပ်ရှားစရာ အချိုးအကွေ့တွေနဲ့ သေသေချာချာ ရောနှောပြီး တင်ဆက်ထားပါတယ်။ Malcolm in the Middle ကို ကြိုက်နှစ်သက်ခဲ့တဲ့သူဆိုရင် ဒီ ၄ ပိုင်းပါ Miniseries ကို လုံးဝ လက်မလွှတ်သင့်ပါဘူး။ ဇာတ်ကောင်တွေ ကြီးပြင်းလာတာကို မြင်ရတဲ့ လွမ်းဆွတ်မှု (Nostalgia) အပြင်၊ ရယ်ရမလို ငိုရမလို ခံစားချက်မျိုးစုံကို အပြည့်အဝ ပေးစွမ်းနိုင်တဲ့ ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။ File size… 650 MB/ 300 MB(Appx;)@Episode Quality… WEB DL 1080p / 720p Format… mp4 Duration…. 30m@Episode Genre ..... Comedy , Drama Subtitle…. Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်