★ 5.0
ဇာတ်ကား / 2022The Adventures of Maid Marian
အကျင့်ပျက်လူချမ်းသာတွေဆီက ငွေကိုခိုးယူပြီး ဆင်းရဲသားတွေကို ပြန်ဝေမျှပေးတဲ့ ရော်ဘင်ဟုဒ်မှာ သူ့ကိုမုန်းတီးနေတဲ့ လူချမ်းသာနဲ့ အာဏာရှိသူတွေ ရှိပါတယ်။ ဒီတစ်ခါမှာတော့ သူ့ချစ်သူ မာရီယမ်ကို အဓိကထားပြီး ဇာတ်လမ်းပြောထားတာပါ။ ရော်ဘင်ဟုဒ်က ဘုရင်ရစ်ချက်နဲ့အတူ စစ်ထွက်သွားချိန်မှာ မာရီယမ်ဟာ သီလရှင်ကျောင်းမှာ သီလရှင်ဝတ်ရင်း ချစ်သူပြန်အလာကို စောင့်နေခဲ့တယ်။ ဘုရင်ရစ်ချက် လုပ်ကြံခံရပြီး စစ်ပွဲပြီးဆုံးသွားတဲ့အခါ ရော်ဘင်ဟုဒ်လည်း သူ့ဆီပြန်ရောက်လာပါတယ်။ သုံးနှစ်လောက်ခွဲနေခဲ့ရတဲ့ ချစ်သူနှစ်ယောက် ပြန်ဆုံကြပေမယ့် အေးအေးချမ်းချမ်း မနေရပါဘူး။ ရော်ဘင်ဟုဒ်ကို လက်စားချေချင်နေသူတစ်ယောက်ရဲ့ လှည့်ကွက်ကြောင့် နှစ်ယောက်စလုံး ဒုက္ခကြုံလာရတယ်။ ဒီအခက်အခဲတွေကို ရင်ဆိုင်ရတဲ့ စွန့်စားခန်းတွေမှာ မာရီယမ်ရဲ့ ထက်မြက်မှု၊ ရဲရင့်မှုနဲ့ ချစ်သူအပေါ်ထားတဲ့ ချစ်ခြင်းကို တွေ့ရမှာပါ။
ဇာတ်ကားကြည့်ရန်