နယူးယောက်မြို့က ရွှေ့ပြောင်းလုပ်သားတွေ နေထိုင်ရာ Hell's Kitchen ဆင်းရဲသားရပ်ကွက်မှာ သူငယ်ချင်းလေးယောက် ကြီးပြင်းလာကြပါတယ်။ ရပ်ကွက်ထဲမှာ ဆော့ကစား၊ ဘုရားကျောင်းတက်ပြီး အားရင် ဘုန်းတော်ကြီးအကူအဖြစ် ဝင်လုပ်ပေးကြတယ်။ ပိုက်ဆံရနိုင်တဲ့အခါ နာရေးတွေမှာလည်း ဝင်ကူကြပါတယ်။ ဆင်းရဲပေမယ့် ရှိတာလေးနဲ့ ပျော်ပျော်နေတတ်ကြပြီး သူငယ်ချင်းချင်း အလှည့်ကျ နောက်ပြောင်ကျီစယ်လေ့လည်း ရှိကြတယ်။ တစ်ခါမှာတော့ သူတို့အဖွဲ့လိုက် နောက်ပြောင်လိုက်တာကြောင့် မရည်ရွယ်ဘဲ လူတစ်ယောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပါတယ်။ လေးယောက်လုံး လူငယ်ထိန်းသိမ်းရေးစခန်းကို အပို့ခံလိုက်ရပြီး အဲဒီမှာ အစောင့်တွေရဲ့ ညှဉ်းပန်းနှိပ်စက်မှုနဲ့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေကို ခံစားကြရတယ်။ စိတ်ရောကိုယ်ပါ ရခဲ့တဲ့ဒဏ်ရာတွေက သူတို့ကို နှစ်ရှည်လများ ခြောက်လှန့်နေပြီး ညဘက် မီးပိတ်အိပ်ဖို့တောင် မရဲကြတော့ပါဘူး။ နောက် ၁၃ နှစ်ကြာတဲ့အခါမှာတော့ သူတို့အတွက် လက်စားချေဖို့ အခွင့်အရေးတစ်ခု ပေါ်လာပါတယ်။ Robert De Niro၊ Kevin Bacon နဲ့ Brad Pitt တို့ အဓိကပါဝင်ထားပြီး Lorenzo Carcaterra ရဲ့ အရောင်းရဝတ္ထုကို အခြေခံထားပါတယ်။ စာအုပ်ထွက်စဉ်ကတည်းက ဇာတ်လမ်းဟာ အဖြစ်မှန်ဟုတ်မဟုတ် ဝေဖန်သူတွေနဲ့ သတင်းရေးသူတွေကြား အငြင်းပွားခဲ့ပြီး ရုပ်ရှင်ဖြစ်လာချိန်မှာလည်း ဆက်လက်ဂယက်ရိုက်ခဲ့တယ်။ စာရေးဆရာက အဖြစ်မှန်လို့ အတည်ပြုခဲ့ဖူးပေမယ့် သက်ဆိုင်ရာအဖွဲ့အစည်းတွေကတော့ ဒီလိုဖြစ်ရပ်မျိုး မရှိခဲ့ဘူးလို့ ငြင်းဆိုထားပါတယ်။
ဇာတ်ကားကြည့်ရန်