Slacker (1991) IMDb rating - 7/10 Rotten Tomatoes - 82% ဒီရုပ်ရှင်ကို ဒါရိုက်တာ Richard Linklater က ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ထုတ်လုပ်၊ ကိုယ်တိုင်ရိုက်ကူးထားပါတယ်။ Richard Linklater ဆိုသူဟာ နာမည်ကြီးရုပ်ရှင်တွဲဖြစ်တဲ့ Before trilogy ရုပ်ရှင်သုံးကားတွဲကိုရော၊ Jack Black ပါဝင်ထားတဲ့ School of Rock ရုပ်ရှင်ကိုရော ရိုက်ကူးခဲ့တဲ့သူပါ။ အခု Slacker ဆိုတဲ့ ရုပ်ရှင်မှာ သူက ဒါရိုက်တာအဖြစ် ပထမဆုံး ခြေလှမ်းစတင်ခဲ့တဲ့ ရုပ်ရှင်ပါပဲ။ ဒါ့အပြင် အခုရုပ်ရှင်ရဲ့ အစပိုင်းမှာ သူကိုယ်တိုင် ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။ Slacker ရုပ်ရှင်ကို ဒေါ်လာ ၂၃,၀၀၀ လေးနဲ့ပဲ ရိုက်ကူးခဲ့ပေမဲ့ ရုံတင်ငွေ ဒေါ်လာ ၁ သန်း ပြန်လည်ရရှိခဲ့ပါတယ်။ ထူးဆန်းတဲ့အချက်က အခု ရုပ်ရှင်မှာ main plot မရှိပါဘူး။ ဇာတ်ကောင်တွေပေါင်းစုံနဲ့ တစ်ယောက်နဲ့တစ်ယောက် ထွေရာလေးပါး ပြောဆိုကြတာကို ပျင်းစရာမရှိပဲ ကြည့်ရမှာပါ။ ရုပ်ရှင်ထဲမှာပါတဲ့ တချို့စကားဝိုင်းတွေမှာဆိုရင် ထူးဆန်းတဲ့ကိစ္စတွေပါ ကြားရမှာဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန်