ဒီဇာတ်လမ်းကတော့ လူမျိုးရေးခွဲခြားမှုကို တော်လှန်ခဲ့တဲ့ မိတ်ဆွေနှစ်ဦးရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်း ၁၉၇၀ နှစ်များအတွင်း တောင်အာဖရိကနိုင်ငံမှာ လူမျိုးရေးခွဲခြားမှုစနစ်တွေဖြစ်ပွားခဲ့ပါတယ်။ ဒီလိုနဲ့ သတင်းစာအယ်ဒီတာ ဒေါ်နယ်ဝုဒ်စ် ဟာ လူဖြူလူမည်းခွဲခြားမှုကို ဆန့်ကျင်တဲ့ တက်ကြွလှုပ်ရှားသူ စတိဗ်ဘီကို နဲ့ စတင်တွေ့ဆုံခဲ့ပါတယ်။ အစပိုင်းမှာ သူတိုနှစ်ဦးကြား အမြင်မတူတာတွေ ရှိခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ စတိဗ်ဘီကို ရဲ့ ယုံကြည်ချက်နဲ့ စိတ်ဓာတ်ကို ဒေါ်နယ်ဝုဒ်စ် တစ်ယောက် နားလည်သွားပြီး ရင်းနှီးတဲ့ မိတ်ဆွေတွေ ဖြစ်လာခဲ့ကြပါတယ်။ ဒါပေမဲ့ စတိဗ်ဘီကို ဟာ အာဏာပိုင်တွေရဲ့ ဖမ်းဆီးခြင်းကို ခံရပြီး အကျဉ်းချခံရတဲ့ ကာလမှာပဲ သေဆုံးခဲ့ရပါတယ်။ ဒေါ်နယ်ဝုဒ်စ် က ဒီသေဆုံးမှုနဲ့ပတ်သက်ပြီး မသင်္ကာဖြစ်ခဲ့ရာကနေ မိမိရဲ့ မိတ်ဆွေအတွက် အမှန်တရားကို ဖော်ထုတ်ဖို့နဲ့ တောင်အာဖရိကမှာ ဖြစ်ပျက်နေတဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကို ကမ္ဘာကသိအောင် ချပြဖို့အတွက် ကြိုးစားပါတော့တယ်။ ဒေါ်နယ်ဝုဒ်စ်ဟာ သူ့ရဲ့ မိသားစုနဲ့အတူ အသက်ဘေးရန်ကနေ လွတ်မြောက်အောင် ပြည်ပကို ဘယ်လိုတွေ စွန့်စွန့်စားစားထွက်ဖို့ ကြိုးစားမလဲ? မိတ်ဆွေဖြစ်သူရဲ့ မသင်္ကာစရာအမှုကိစ္စကိုရော ဘယ်လိုတွေဖော်ထုတ်မလဲ? လူမျိုးရေးခွဲခြားမှုကို ကမ္ဘာကသိအောင်ရော ချပြနိုင်မှာလား"? ဆိုတာကိုတော့ အတူစောင့်ကြည့်လိုက်ရအောင်ပါ။
ဇာတ်ကားကြည့်ရန်