Barbie & Her Sisters in a Pony Tale (2013) ဘာဘီနှင့် ဒဏ္ဍာရီလာ မြင်းဖြူမလေး၏ လျှို့ဝှက်ချက် ဇာတ်လမ်းကတော့ ဘာဘီနဲ့ သူမရဲ့ ညီအစ်မတွေဖြစ်ကြတဲ့ စကစ်ပါ၊ စတေစီ၊ ချယ်လ်ဆီး တို့ဟာ စွန့်စားခန်း အသစ်တစ်ခုအတွက် အယ်လ်ပိုင် တောင်တန်းကြီးတွေဆီကို ခရီးထွက်ခဲ့ကြရာကနေ စတင်ထားတာပါ။ သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ အန်တီဖြစ်သူ သင်ကြားပေးနေတဲ့ မြင်းစီး အကယ်ဒမီကျောင်းမှာ အနားယူရင်း မြင်းစီး လေ့ကျင့်ဖို့ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အန်တီဖြစ်သူရဲ့ အကယ်ဒမီကျောင်းဟာ စီးပွားရေး အခက်အခဲတွေကြောင့် ရောင်းချခံရတော့မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတာကို သိလိုက်ရတဲ့အခါ... ညီအစ်မတွေဟာ အကယ်ဒမီကို ကယ်တင်ဖို့အတွက် ကျင်းပတော့မယ့် မြင်းစီးပြိုင်ပွဲကြီးမှာ အနိုင်ရရှိအောင် စည်းလုံးစွာ ကြိုးစားကြပါတော့တယ်။ တစ်ဖက်မှာလည်း ဘာဘီဟာ တောင်တန်းပေါ်မှာ ပုန်းကွယ်နေတယ်လို့ သတင်းထွက်နေတဲ့ ဒဏ္ဍာရီလာ မြင်းဖြူမလေးနဲ့ မထင်မှတ်ဘဲ ဆုံတွေ့ခဲ့ရပြီး... အကယ်ဒမီကျောင်းလေးကို ကယ်တင်နိုင်မလားဆိုတာကို ရင်ခုန်စရာကြည့်ရမှာ ဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန်