Wasteman (2026) IMDb Rating (7.6) / Rotten Tomatoes (100%) ဒီ 2025 British ထောင်ကားကိုတော့ Cal McMau ဒါရိုက်တာအနေနဲ့ရိုက်ကူးထားပြီး Cast အနေနဲ့ David Jonsson နဲ့ Tom Blyth တို့ပါ၀င်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ထောင်ထဲမှာ ၁၃ နှစ်ကျော်ကြာ ဖြတ်သန်းခဲ့ရပြီးတဲ့ တေလာဟာ စည်းကမ်းလိုက်နာမှုကောင်းရင်ကောင်းသလို စောစောလွတ်ရက်ရတော့မယ့် အခြေအနေမှာ အေးအေးဆေးဆေးဖြစ်နေပြီပေါ့။ ပြဿနာတွေနဲ့ ကင်းကင်းနေလိုက်ရင် လွတ်လပ်မှုက လက်တစ်ကမ်းအကွာရောက်နေတဲ့အချိန်မှာ ထောင်ပြောင်းလာတဲ့အခန်းဖော်အသစ် ဒီးရောက်လာပြီးနောက်မှာ ထောင်တွင်း မူးယစ်ဆေးဂိုဏ်းတွေရဲ့ အာဏာလုပွဲကြား တေလာတစ်ယောက် ကြားညှပ်ပါတော့တယ်။ ဒီးက သူခိုင်းတာမလုပ်ရင် တေလာ့သားဖြစ်သူကို သတ်မယ်ဖြတ်မယ်ခြိမ်းခြောက်ပြီး သူ့ရန်သူတွေကို လက်ငှားသတ်ခိုင်းတဲ့အခါမှာတော့ လွတ်ရက်နီးနေတဲ့ တေလာ အတွက် အကျပ်အတည်းထဲရောက်ရပါတော့တယ်။ မနက်ဖြန်သဘက်ခါဆိုရင်မှ ထောင်ထွက်ရတော့မယ့်လူဟာ တစ်ဖက်မှာ သားဖြစ်သူနဲ့ပဲ ရိုးရိုးသားသား အသက်မွေးသွားချင်စိတ် တစ်ဖက်မှာလည်း ဒီးခိုင်းသလိုမလုပ်ရင် သားအသက်ဘေးကြုံမဲ့အပြင် ကိုယ်တိုင်လည်း ဒီထောင်ကြီးထဲကနေ မလွတ်နိုင်တော့တဲ့အဖြစ်ကနေ ရုန်းထွက်နိုင်အောင် ဘယ်လိုတွေရုန်းကန်သွားမလဲဆိုတာ ကြည့်ရမှာပါ။ ဒီကားရဲ့ ထူးခြားချက်က တေလာဟာ တခြားထောင်ကားတွေထဲကလိုမျိုး အက်ရှင်အကြမ်းစားတွေမျိုးစုံသုံးပြမဲ့ ခပ်မိုက်မိုက်ဇာတ်လိုက်တစ်ဦးမဟုတ်ပါဘူး။ ဒီအတိုင်း ကိုယ့်တတ်နိုင်သလောက်ထဲက ဆုံးဖြတ်ချက်တွေမမှားအောင် မနည်းဂရုစိုက်ရွေးချယ်နေရတဲ့ သာမန်အဖေတစ်ဦးပါပဲ။ ထောင်ကားတွေကြိုက်တတ်တဲ့ ပရိသတ်တွေအတွက်တော့ ကြည့်ပျော်ရှု့ပျော်မယ့် ကားတစ်ကားပါ။ File size… (1.5 GB) / (1.1 GB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Crime,Drama,Thriller Duration…. 01:30:12 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်